Blogger news

Blogger templates

Powered by Blogger.

Social Icons

Social Icons

Followers

Blog Archive

Featured Posts

Archive for 2013

တာချီလိတ်လူငယ်များအဖွဲ့ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ ပုံနိပ် စာအုပ်များလှု


Written By Mr.Administrator on Monday, 1 April 2013 | Monday, April 01, 2013

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရုံးနဘေးရှိ ၀မ်ကောင်းရပ်ကွက်အပိုင် သာရေး နာရေး ဓမ္မာရုံမှာ နွေရာသီအတွင်း အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသင်ကြားရာသို့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ "အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ"စာအုပ် အုပ်(၃၀၀)သွားရောက် လှူဒါန်းခဲ့ပါသည်။



တကယ်တော့ စာအုပ်များကို တာချီလိတ်လူငယ်များအဖွဲ့ ( http://youth.tachileik.net )က ရန်ကုန်မှ စီစဉ်မှာယူတာဖြစ်ပြီး စာအုပ်၏ ကုန်ကျငွေများကိုလည်း တာချီလိတ်လူငယ်များအဖွဲ့က အကုန်ကျခံတာဖြစ်ပါသည်။ စာအုပ်၏ နောက်ဖက်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမှတ်တံဆိပ် နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း၏ အင်တာနက်လိပ်စာများကို ရေးထည့်ထားပါသည်။ တာချီလိတ်လူငယ်များအဖွဲ့ရှိ အဖွဲ့ဝင်များသည် အဝေးရောက်နေခြင်း၊ ထိုင်းနိုင်ငံဘက်ရှိ ဟိုတယ်များမှာ အလုပ်ဝင်ရောက် လုပ်ကိုင်နေကြခြင်းကြောင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ရပ်နားထားရတာကြောင့် ယခုလို ၎င်းတို့ အဖွဲ့အမည်အစား မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမည်ကို ယူကာ စာအုပ်၏ နောက်ကျောဖက်မှာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။


ယခု စာအုပ်သွားရောက်လှူရာမှာ တာချီလိတ်လူငယ်များအဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ ပါဝင်ပါသည်။ စာအုပ်များနှင့်အတူ မဇ္ဈိမ လူမှုကူညီရေးအသင်းမှလည်း အဆိုပါ သင်တန်းတွင်ရှိသော ကလေးအယောက်(၁၈၀)ဦးရေအတွက် စားစရာ မုန့်များကိုလည်း ပေးလှူခဲ့ကြပါသည်။


လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

မိုင်းဆတ်မြို့ရှိ မူလတန်း နှင့် မူလွန်ကျောင်း၌ ရှိသော ဆရာ/ဆရာမ ၁၇ဦးအား ပံ့ပိုးကူညီငွေပေးအပ်


Written By Mr.Administrator on Sunday, 21 July 2013 | Sunday, July 21, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှိ မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်) နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)တို့ ပူးပေါင်း၍ မူလတန်းကျောင်းနှင့် မူလွန်ကျောင်းတို့တွင် ဆရာ/ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။





အမှတ်(၃) မူလတန်းကျောင်းရှိ ဆရာ/ဆရာမ (၆)ဦးအတွက် တစ်သောင်းကျပ်စီ စုစုပေါင်း (၆)သောင်းကျပ် အပါအ၀င် လိုအပ်နေသည့် ပလပ်စတစ်ထိုင်ခုံ (၁၀)လုံးအား လှူဒါန်းခဲ့ပြီး အမှတ်(၁) မူလွန်ကျောင်းရှိ ဆရာ/ဆရာမ (၁၁)ဦးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း တစ်သိန်းတစ်သောင်းအား ပံ့ပိုးပေးအပ်ကူညီခဲ့ပါတယ်။




ထိုသို့ ပံ့ပိုးရခြင်းသည် အဆင်မပြေသော ဆရာ/ဆရာမများအတွက် လိုအပ်သည့်နေရာမှာ အသုံးပြုနိုင်ရန် ဖြစ်ပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

ဆမ်ဖူးမှ အသက်(၁၁၀) အဖွားအို နှင့် ကျောင်းဆရာမလေး မနှင်းအိဖြူ ( ပညာရေးထောက်ပံ့မှု )


Written By Mr.Administrator on Monday, 10 June 2013 | Monday, June 10, 2013

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ အိမ်ခြေ(၈၀)ခန့်ရှိသော ပါဆာ/ဆမ်ဖူးကျေးရွာ၌ ကျောင်းဆရာမတစ်ဦးလိုအပ်နေသည့်အတွက် ယနေ့မှာ အဆိုပါကျေးရွာသို့ ကျောင်းဆရာမတစ်ဦး အပ်နှံသည့် ပညာရေးနှင့်ပတ်သက်သော ကိစ္စရပ်များအတွက် ဆောင်ရွက်ရန်တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသူ အသင်းသား (၄၅)ဦးတို့မှ သွားရောက်ခဲ့ကြသည်။


အဆိုပါအဖွဲ့တို့သည် နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့မှ စတင်ထွက်ခွာခဲ့ကြရာ ပါဆာ/ဆမ်ဖူး သို့ (၁၁)နာရီအချိန်မှာ ရောက်ရှိခဲ့သည်။ ဆမ်ဖူးသို့ မရောက်မီ မူလတန်းကျောင်းမှာ ဆရာမလေး မနှင်းအိဖြူကို ၀င်ခေါ်ခဲ့ပြီး ဆမ်ဖူးသို့ ဦးတည်ခဲ့ကြသည်။ (၁၁)နာရီအချိန်မှာ ဆမ်ဖူးသို့ ရောက်သောအခါ အဆိုပါအဖွဲ့မှ ကျောင်းဝန်းအတွင်း ဆရာမလေး နေရာအတွက် ရွာမှ ဆောက်လုပ်ပေးထားသော အဆောက်အဦကို ကြည့်ရှုခဲ့ကြရာ အဆောက်အဦအတွင်း လိုအပ်နေသည့် သစ်များ နှင့် အ၀တ်ဗီဒို တစ်လုံးကို ဦးတင့်ဆွေမှ တာချီလိတ်မှ တဆင့် ၀ယ်ယူကာ ပို့ဆောင်ပေးမည့်အကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်မှ တဆင့် လှူဒါန်းလိုက်သော ဆမ်ဖူး မူလတန်းကျောင်းရှိ ကလေးသုငယ်များအတွက် ရုပ်ပြကာတွန်းများနှင့် မိုးသောက်ပန်းကာတွန်းရုပ်ပြ စာစောင်များကို ကျောင်းအုပ်ဆရာမကြီး ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး နှင့် ဆရာမလေး မနှင်းအိဖြူတို့အား အထွေထွေအသုံးပြုနိုင်ရန်အတွက် ဦးတင့်ဆွေမှ ဘတ်(၁၀၀၀)စီ ပေးအပ်ခဲ့ပြီး တဆက်တည်းမှာပင် ဆရာမလေး မနှင်းအိဖြူအား အသင့်ဝယ်ယူလာသော ဆန်တစ်အိတ် နှင့် ဆီတစ်ပုံးအား ပေးအပ်ထောက်ပံ့ခဲ့ပါသည်။


{အသက် ၁၁၀ နှစ် အဖွားအို နှင့် အတူ}

ထို့နောက်တွင် အဆိုပါအဖွဲ့တို့သည် ကျေးရွာအတွင်းရှိ အသက်ကြီးဆုံးအဖွားအို မယ်ထောက်မီး အသက်(၁၁၀)နှစ်အား သွားရောက် ဂါရ၀ပြု ကန်တော့ပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန်အလိုငှာ စုပေါင်းကာ ဘတ်(၄၀၀၀)အား လှူဒါန်းခဲ့ကြသည်။ အသက်(၁၁၀)နှစ်ရှိ အဖွားအိုတွင် ယခုလက်ရှိတွင် မောင်နှမများကျန်ရှိသေးကြောင်းသိရပြီး အဖွားအို၏ မောင်လေးမှာ အသက်(၉၉)နှစ် နှင့် ညီမလေးမှ (၈၉)နှစ် ရှိပြီဖြစ်ကာ ၎င်းတို့မှာ သန်သန်မာမာဖြင့် သွားလာ လှုပ်ရှားနေသည်ကို တွေ့ရသည်။ ဥက္ကဌ ဦးတင့်ဆွေမှ အဖွားအိုအား အသက်ရှည်ကျန်းမာခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ အဖွားအိုက ၎င်းအနေဖြင့် ဓါတုဆေးဝါးများသုံးစွဲခြင်းမရှိကြောင်း ကျေးရွာအစားအစာတစ်မျိုးတည်းကိုသာ စားသုံးကြောင်း ထို့ကြောင့် ကျန်းမာသာဖြစ်ကြောင့် ပြောကြားလာခဲ့သည်။

{အသက် ၁၁၀နှစ်ရှိ အဖွားအိုနှင့် အမှတ်တရ}

ဆက်လက်ပြီး ဥက္ကဌ ဦးတင့်ဆွေမှ အဆိုပါကျေးရွာသို့  ကွင်းဆင်းသွားရောက်စဉ်က တစ်ညတာ အိပ်စက်ခဲ့ဖူးသည့် နေအိမ်သို့သွားရောက်ပြီး အသက်(၉၅)နှစ်ရှိ ဘိုးထောက်ခက် နှင့် အသက်(၈၁)နှစ်ရှိ အဖွားအို ဒေါ်နန်းနော်တို့အား ကန်တော့ခဲ့ကြပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ဘတ်(၁၀၀၀)စီ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။


ထိုမှတဆင့် ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်ပူဇော်ကန်တော့ခဲ့ကြရာ ဆရာတော်မှ ကျေးရွာနှင့် စစ်တပ်မှ မြေတူးရင် တွေ့ရှိလာသော ပေါ်တော်မှု ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပြသခဲ့ပြီး အဆိုပါ ရုပ်ပွားတော်၏ သက်တမ်းမှာ နှစ်ပေါင်း (၇၀၀)ခန့်ကြာပြီဖြစ်ကြောင်း ရှင်းပြလာပါသည်။


ရွာဦးကျောင်းမှ တဆင့် စာသင်ကျောင်းသို့ ပြန်လည်သွားရောက်ပြီး ကျောင်းအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် မဇ္ဈိမလူမှုကူညီရေးအသင်း၏ သီချင်းတပုဒ်ဖြစ်သော မဇ္ဈိမအလင်းအိမ် သီချင်းအား အားလုံးသီဆိုကြကာ နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့ နှုတ်ဆက်သည့်အချိန်တွင် အသင်းမှ ကူညီပေးခဲ့သော ဆရာမလေး မနှင်းအိဖြူမှာ ၀မ်းနည်းဝမ်းသာမှုကြောင့် မျက်ရည်ကျပြီး ငိုနေသည့်အတွက် အသင်းသူ အသင်းသားများမှ နှစ်သိမ့်ပေးကာ ဆမ်ဖူးရွာမှ မဇ္ဈိမအသင်းသူ အသင်းသားများ ပြန်လည်ထွက်ခွာခဲ့ကြပါတော့သည်။

ပုံများကိုကြည့်ရန်
ဆမ်ဖူးမှ အသက်(၁၁၀) အဖွားအို နှင့် ကျောင်းဆရာမလေး မနှင်းအိဖြူ
145 photos

မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

ငါးဘာသာ ဂုဏ်ထူးရှင် မနန်းအောင်မော်မော်အား မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဂုဏ်ပြု


Written By Mr.Administrator on Monday, 24 June 2013 | Monday, June 24, 2013

၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော တာချီလိတ်မြို့နယ် မိုင်းကိုး အခြေခံပညာအထက်တန်းကျောင်းမှ မနန်းအောင်မော်မော်အား မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဂုဏ်ပြုချီးမြှင့်ပွဲကို ဇွန်လ(၁၃)ရက်နေ့ ကြာသပတေးနေ့ နံနက်(၁၀း၃၅)နာရီအချိန်က ပြုလုပ်ကျင်းပပေးခဲ့ပါသည်။




ငါးဘာသာဂုဏ်ထူးရှင် မနန်းအောင်မော်မော်သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါ့ကျေးရွာနေ တောင်သူ ဦးဗွေလျှံထောင်း(ချင်းတိုင်းရင်းသား)နှင့် ဒေါ်နန်းနွန်း(ရှမ်းတိုင်းရင်းသူ)တို့မှ မွေးဖွားခဲ့ပြီး ပညာထူးချွန်ခဲ့ကာ ဘက်စုံထူးချွန် လူရည်ချွန်တစ်ဦးဖြစ်ပြီး ဖခင်ကျန်းမာရေးချို့တဲ့ကာ တောင်သူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရ၍ ပြင်ပကျူရှင်မယူနိုင်သော်လည်း ဆရာ/မများ၏ သင်ကြားပေးမှုကို အပတ်တကုပ် ကြိုးစားသင်ယူခဲ့သည့်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ စသည့် ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့သူ ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော် အစီအမံဖြင့် ရွေးချယ်ထားသည့် စင်္ကာပူနိုင်ငံသို့ ပညာတော်သင် ထူးချွန်ကျောင်းသား ကျောင်းသူ (၃၀)ဦးတွင်လည်း ရွေးချယ်ခံထားရသူဖြစ်ကြောင်း သိရသည်။ ( ကိုးကား။      ။ မောင်ယဉ်ကျေး)





မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြုလုပ်သော ဂုဏ်ပြုပွဲတွင် မနန်းအောင်မော်မော်အတွက် ပညာရေးအထောက်ပံ့ဖြစ်စေရန် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဆုတော်ငွေ ထိုင်းဘတ်(၁၀၀၀၀)တိတိကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး ဥက္ကဌ ဦးတင့်ဆွေအား ကျောင်းအုပ်ဆရာကြီး  ဦးအေးသိန်းမှ ကွန်ပျူတာခန်းသို့ လိုက်လံပြသရာ ကျောင်း၌ ကွန်ပျူတာများရှိနေသော်လည်း ကွန်ပျူတာပညာများကို ပြန်လည် သင်ကြားပေးမည့် ဆရာမရှိကြောင်း နှင့် ကွန်ပျူတာပညာသင်ကြားပေးနိုင်မည့် ဆရာများ လိုအပ်နေကြောင်းလည်း သိရှိရသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပညာရေးထောက်ပံ့မှုအဖြစ် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်း


Written By Mr.Administrator on Saturday, 8 June 2013 | Saturday, June 08, 2013

ကျောင်းဖွင့်ကာလကို ရောက်ပြီဖြစ်တာကြောင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပညာရေးထောက်ပံ့မှုအဖြစ် ကျောင်းအသီးသီးတို့၌ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိရာ ဇွန်လ(၆)ရက်နေ့က ဓမ္မာသစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကချင်ရွာကျောင်း၊ ASG ရှိ ကလေးသူငယ်များအား ထောက်ပံ့ခြင်းနှင့် တာလော့ကျောင်းတို့တွင် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။







ဓမ္မာသစ္စာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဗလာစာအုပ်(၁၄)ဒါဇင် နှင့် ခံတံအကြီး/အသေး(၂)ဗူး၊ ASG တွင် စာအုပ်(၂၁)ဒါဇင် နှင့် ဘောပင်(၁)ဗူး၊ ခဲတံဗူးကြီး/သေး (၂)ဗူး၊ ကချင်ရွာကျောင်းတွင် ဗလာစာအုပ်(၂၆)ဒါဇင်၊ ခဲတံဗူးကြီး/သေး(၂)ဗူး နှင့် တာလော့ကျောင်းတွင်လည်း ဗလာစာအုပ်(၇)ဒါဇင် နှင့် ခံတံအကြီး/သေး(၂)ဗူးတို့အား ပေးအပ်လှူဒါန်းခဲ့ကြရာ ဗလာစာအုပ် စုစုပေါင်း(၆၈)ဒါဇင်၊ ဘောပင်(၁)ဗူး၊ ခဲတံအသေး (၄)ဗူး၊ ခံတံအကြီး(၄)ဗူးတို့ကို အဆိုပါကျောင်းများသို့ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျောင်းသုံးစာရေးကိရိယာများလှူ
13 photos
မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

ဦးဘုန်း(ဓါတု) နဲ့ ညီမင်းညို(ဘိုင်အို) တို့က အ.ထ.က(ဆန်ဆိုင်း)မှာ ပညာဒါနပြုလုပ်သွား


Written By Mr.Administrator on Monday, 4 March 2013 | Monday, March 04, 2013

မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာဒါနအဖြစ် စာရေး ဆရာဦးဘုန်း(ဓါတု) နဲ့ စာရေးဆရာ ညီမင်းညို ( ဒေါက်တာ ညီပေါက် [ဘိုင်အို ဆရာ] )တို့နဲ့  မတ်လ(၂)ရက်နေ့မှ(၃)ရက်နေ့ထိ နှစ်ရက်တာ ပညာဒါန အစီစဉ်ကို အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှာ ပြုလုပ်ခဲ့ကြပါတယ်။


ဆရာဦးဘုန်း(ဓါတု) က chemistry ဘာသာရပ် နဲ့ ဆရာ ညီမင်းညိုက Biology ဘာသာရပ်ကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလို သင်ကြားရာသို့ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်) နဲ့ အ.ထ.က-ခွဲ(မိုင်းကိုး)တို့မှ ကျောင်းသား/သူများ လာရောက်သင်ယူကြတာကို တွေ့ရပါတယ်။ အခုလို ပညာဒါနအဖြစ် ပြုလုပ်နိုင်ဖို့ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ရဲ့ ခွင့်ပြုချက်နဲ့ အ.ထ.က(ဆန်ဆိုင်း)မှာ ပြုလုပ်ဖြစ်တာဖြစ်ပြီး ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ ဆရာ/မများက ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

{ ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး နှင့် ဆရာ ဦးဘုန်း(ဓါတု) }
{မဇ္ဈိမလူမှုကူညီရေးအသင်း ဦးတင့်ဆွေ နှင့် ဆရာ ညီမင်းညို}

စာသင်ကြားပေးကြတဲ့ ဆရာဦးဘုန်းနဲ့ ဆရာညီမင်းညို တို့ကို အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။ ပညာဒါနပြုလုပ်ကြတဲ့ စာရေးဆရာများဟာ မဇ္ဈိမလူမှုကူညီရေးအသင်းနဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က ပြုလုပ်တဲ့ စာပေဟောပြောပွဲအတွက် ရောက်ရှိလာရင်း အခုလို ၎င်းတို့ရဲ့ အားလပ်ချိန်မှာ စာသင်ကြားပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ မှ သတင်းအား မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေမှ မရှိနွမ်းပါး ကလေးသူငယ်(၁၅)ဦးအား ပညာရေးထောက်ပံ့မှုအဖြစ် ပံ့ပိုးကူညီ


Written By Mr.Administrator on Saturday, 18 May 2013 | Saturday, May 18, 2013


၂၀၁၃ခုနှစ် မေလ(၁၇)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေသည် စွန့်ပစ်ခံမိဘများ၏ရင်သွေး ကလေးငယ်များရဲ့ ပညာရေးအနာဂါတ်ထောက်ပံ့မှုအဖြစ် ကူညီမှုများပေးခဲ့ပါသည်။


တာချီလိတ်မြို့ရှိ ASGရုံးတွင် စွန့်ပစ်ခံမိဘများ၏ ရင်သွေးကလေးငယ်များရဲ့ ပညာရေးထောက်ပံ့မှု အကူအညီလိုအပ်နေကြောင်းကို အသင်းသား တစ်ဦးဖြစ်သူ ကိုစောလှမင်း၏ အသိပေးချက်အရ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေသည် အဆိုပါရုံးသို့ သွားရောက်ပြီး ကလေးသူငယ်များအား ကြည့်ရှု့ပြီး "ကျောင်းတက်သည့်အခါမှာ ကျောင်းမှ  အလှူငွေများနှင့် အခြားငွေကြေးများ ကောက်ခံပါက ပြောကြားလာရန် နှင့် ကျောင်းသုံးစာရေးကိရိယာများ လိုအပ်လာပါက ပြောကြားလာပါရန် ထိုသို့ ပြောကြားလာပါက ဦးတင့်ဆွေအနေဖြင့် ကူညီကာ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ကလေးသူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။



ဆက်လက်၍ ကလေးသူငယ်(၁၅)ဦးအနေဖြင့် အထွေထွေအသုံးပြုနိုင်ရန်အတွက် ဘတ်ငွေ(၅၉၀၀)ဘတ် ကူညီထောက်ပံ့ခဲ့ပါသည်။ တဆက်တည်းမှာပင် အဆိုပါကလေးသူငယ်(၁၅)ဦးထဲမှ တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စုနေ ကလေးငယ်တစ်ဦးမှာ ကျောင်းနှင့်အိမ်သို့ သွားရန် ဝေးကွာလွန်းပြီး အခက်အခဲဖြစ်နေသည့်အတွက် ထိုင်းဘတ်ငွေ(၂၄၀၀)ဘတ် တန်ဖိုးရှိသော စက်ဘီးတစ်စီးအား ဥက္ကဌ ဦးတင့်ဆွေမှ ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝယ်ပေးခဲ့ပါသည်။


{စက်ဘီးအား လိုက်လံဝယ်ယူပေးနေစဉ်}

ထပ်မံ၍လည်း ကလေးသူငယ်များ ကျောင်းတက်ရန်အတွက် အားငယ်ဖို့မလိုကြောင်း ကျောင်းတက်သည့်အခါ ပညာသင်စရိတ်၊ ကျောင်းသုံးစာရေးကိရိယာများ နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကလေးသူငယ်များအား အထူးအားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း



လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပညာရေးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာသို့ သွားရောက်


Written By Mr.Administrator on Wednesday, 29 May 2013 | Wednesday, May 29, 2013

တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ရှမ်းတိုင်းရင်းသား ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် လိုအပ်သည့် ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

{ ကျောင်းအတွက် အလံလှူ }
အဆိုပါအဖွဲ့တို့သည် ပါဆာ/ဆမ်ဖူးကျေးရွာသို့ သွားရောက်ပြီး ကျောင်း၏အခြေအနေ နှင့် ကလေးသူငယ်များ၏ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့က ကျောင်းအတွက် အလံ နှင့် ကလေးသူငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များကို ပေးဝေခဲ့ကြပြီး ကျောင်းတွင် လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့်အတူ တွဲဖက်ခန့်အပ်ထားနိုင်ရန်အတွက် ဆရာမ ဒေါ်နှင်းအိဖြူကိုလည်း ကျောင်းသားမိဘများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

{ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ စာအုပ်လှူ}


မေလ(၂၃)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားတစ်ချို့သည် မိုင်းဖုန်း(က)အုပ်စုဘက်သို့ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ရာမှ အဆိုပါကျောင်းတွင် စာသင်ကြားပေးနိုင်ရန်အတွက် ဆရာ/မ လိုအပ်နေကြောင်းကို သိရှိရ၍ မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်တွေ့ဆုံကာ အဆိုပါကိစ္စအား ပြောဆိုဆွေးနွေးကြပြီးနောက် ယနေ့မှာ ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပါဆာ/ဆမ်ဖူးကျေးရွာရှိ ရွာသူကြီး ဦးအိုက်ကောင်၏ ပြောဆိုချက်အရ မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းတွင် ယခင်နှစ်က စာသင်ကြားပေးနေသော ဆရာမမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး တစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ဆရာမကြီးမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုမျိုးနှင့်ကြုံလာသည့်အခါမျိုးတွင် ကျောင်းပိတ်သွားခဲ့ပြီး ခွင့်ယူရတာမျိုးလည်းရှိခဲ့သည်။ ထိုအခါမျိုး၌ ကျောင်းသား/သူ ကလေးသူငယ်များမှာ ဆရာမ အပိုမရှိ၍ ကျောင်းပျက်ရက် တစ်ချို့နှင့် ကြုံရသည်ဟု သိရသည်။
 အဆိုပါကျောင်းတွင် ယခင်က ဆရာမ တစ်ဦးတည်းသာ ရှိနေပြီး ကျောင်းသာ/သူ အရေအတွက်မှာ (၄၀)ခန့်ရှိပြီး ပါဆာ/ဆမ်ဖူးကျေးရွာတွင် အိမ်ခြေ(၈၀)နှင့် လူဦးရေ(၃၄၀)ကျော် နေထိုင်ကြောင်း သိရသည်။

ပါဆာ/ဆမ်ဖူးကျေးရွာမှ အပြန်တွင် ၀မ်ပုံရှိ မူလွန်ကျောင်းသို့ဝင်ရောက်ကာ မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှမှ ကျောင်းအတွင်းရှိ ဆရာ/မများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းအား မိတ်ဆက်ပေးပြီး ကျောင်း၏ အခြေအနေအား ကြည့်ရှု့ခဲ့ကြပြီးနောက်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျောင်းအတွက် (၂၀၀၀)ဘတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာ/မများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါကျောင်းတွင်လည်း ဆရာမ(၆)ဦး ဆရာ(၁)ဦးနှင့် ကျောင်းသား/သူ အရေအတွက်မှာ (၂၀၀)ခန့်ရှိကြောင်း သိရှိရသည်။


ပုံများကိုကြည့်ရန်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ မိုင်းဖုန်းသို့
50 photos

Tachileik Online News မှာ ပြန်လည်ဖော်ပြပါသည်။


မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

နှုတ်မဆက်ပဲ "သာဓု...."ခေါ်၍ အသက်ထွက်သွားသော ဒေါ်နန်းဖောင်


Written By Mr.Administrator on Thursday, 11 April 2013 | Thursday, April 11, 2013 ဧပြီလ (၁၀)ရက်နေ့ ညပိုင်း(၈)နာရီခန့်က ကျွန်တော့်ရဲ့ ဖုန်းကို တိုက်၍ ဆက်သွယ်၍ အကူအညီတောင်းလာပါသည်။ အကြောင်းကိစ္စမှာ မိုင်းဆတ်မြို့နေ အသက်(၅၇)နှစ်အရွယ် ဒေါ်နန်းဖောင်သည် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ဆေးရုံတွင် ဆေးဝါးကုသခံယူနေစဉ် ရောဂါအခြေအနေ မသက်သာ၍ ၎င်း၏ နေရပ်ဖြစ်သော မိုင်းဆတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

အကူညီတောင်းခံလာသည့် အချိန်မှာ နယ်စပ်ဖြတ်ကျော်တံတားမှာ ပိတ်ထားချိန်ဖြစ်တဲ့ အတွက်ကြောင့် နောက်တစ်နေ့ဖြစ်တဲ့ ဧပြီလ(၁၁)ရက်နေ့ နံနက်(၇)နာရီခွဲမှာ လာရောက်ခေါ်ယူကာ ပို့ဆောင်ပေးမည်ဟု ပြန်လည်ပြောဆိုလိုက်ပါသည်။

(၁၁.၄.၂၀၁၃)ရက်နေ့တွင် ချင်းရိုင်းမြို့မှ မယ်ဆိုင်မြို့သို့ နံနက်(၇)နာရီ (၃၀)မိနစ်ခန့်တွင် ရောက်ရှိနေပြီဖြစ်ပါ၍  မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသား တစ်ဦးဖြစ်သူ မောင်အောင်သူ(ခ) မောင်ဘာသဲလ်သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား၌ နယ်စပ်ကူးလက်မှတ်ပြုလုပ်ပြီး ကျွန်တော် တစ်ဦးတည်းသာ အသုံးပြုနေသော (Surf) အဖြူရောင် ကားနှင့် သွားရောက် ခေါ်ယူပြီး မိုင်းဆတ်မြို့သို့ ပို့ဆောင်ပေးစေခဲ့ပါသည်။

ဆက်လက်၍ နံနက်(၉)နာရီ (၃၀)မိနစ်တွင် တာချီလိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ကားပေါ်တွင် လူနာဖြစ်သူ ဒေါ်နန်းဖောင်အား အောက်ဆီဂျင် ပိုက်များတပ်ထားတာကို တွေ့ရှိရ၍ ကား၏ နောက်ခန်းတွင် သူ၏ သားဖြစ်သူ မောင်ထွန်းထွန်းလွင် နှင့် ရှေ့ခန်းတွင် သမီးဖြစ်သူ တို့ လိုက်ပါသွားကြောင်း သိရှိရပါသည်။

မိုင်းဆတ်မြို့အနီး လွယ်ဆမ်ဆောင်တောင်သို့ မရောက်မီ မြေပြန့်တစ်နေရာသို့ အရောက် (၁၀း၄၅)နာရီအချိန်ခန့်တွင် သားဖြစ်သူ မောင်ထွန်းထွန်းလွင်မှ မိခင်ဖြစ်သူအား ဝေဒနာမခံစားရလေအောင် ဗုဒ္ဓတရားတော်များကို မိခင်နာယူ မှတ်သားပြီး ဝေဒနာကို ကျော်ဖြတ်နိုင်ရန် ဖွင့်ပေးထားပါသည်။

ဖွင့်ပေးထားသော တရားပြီးဆုံးချိန်၌ သာဓု... သာဓု.... ( x ).... နောက်ဆုံး သာဓုခေါ်ချိန်နှင့်အတူ တစ်ပြိုက်နက် အသက်ထွက်သွားကြောင်း သိရှိရပါသည်။



ထို့နောက် နေ့လည်(၁၁း၄၅)နာရီအချိန်တွင် မိုင်းဆတ်မြို့ရှိ ဒေါ်နန်းဖောင်၏ နေအိမ်သို့ရောက်ရှိခဲ့ပြီး (၁၂)နာရီခန့်တွင် ကိုအောင်သူမှ တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွါလာပြီး နေ့လည် (၂)နာရီအချိန်ခန့်တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များသည် လူမှုအသိုင်းအ၀ိုင်းကြားတွင် ဖြစ်နေကြပုံစံများပဲဟု ကျွန်တော့်ရင်ထဲမှာ လက်ခံ၍ မရပါ။ ကျွန်တော် ဥာဏ်မှီသလောက် စဉ်းစားမိတာက မိခင်၏ နောက်ဆုံး ခရီးတွင် သားဖြစ်သူ မောင်ထွန်းထွန်းလွင်လို တိုင်းရင်းသား လူငယ်တစ်ဦးမှ တရားခွေဖွင့်ပေး တတ်ခဲ့ခြင်း၊ မိခင်ဖြစ်သူ ဒေါ်နန်းဖောင်(ကွယ်လွန်)မှလည်း တရားကို အာရုံပြု နာနေခြင်း၊ တရားပြီးဆုံးချိန် သာဓု... သာဓု.... ( x )....သုံးကြိမ်မြောက်တွင် အသက်ထွက်ခြင်းများ၊ သေဆုံးသူ၏ မျက်နှာသွင်ပြင်သည် ပြုံးယောင်သမ်း၍ အေးချမ်းညင်သာစွာ အသက်ထွက်သွားပုံများသည် သာမာန်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။


တိုင်းရင်းသားတစ်ယောက်ဖြစ်သော မောင်ထွန်းထွန်းလွင်သည် မိခင်၏ နောက်ဆုံးခရီးကို တရားခွေဖွင့်ပေးပြီး ဘ၀ကူးကောင်းရန် ဆောင်ရွက်ပေးသွားမှုများကို မလေးစားပဲ မနေနိုင်ပါ။ လေးစားပါတယ် ညီလေး မောင်ထွန်းထွန်းလွင်..... ညီလေးလို သား သမီးတွေ ကိုယ်တို့နိုင်ငံမှာ အများကြီးပေါ်ထွန်းပါစေ....

မိခင် ဒေါ်နန်းဖောင်သည်လည်း မိမိ၏ နောက်ဆုံး ခရီးကို တရားတော်ပေါ်၌သာ အာရုံပြုသွားခြင်းများသည် တရားနှင့် အမြဲတမ်းထိတွေ့ဖူးသည့် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ကြောင်းကို ပြသွားခဲ့ပါသည်။ တစ်ချို့မိခင်များသည် သားသမီးများမှ နောက်ဆုံးဝေဒနာခံစားနေရသည်ကို မကြည့်ရက်၍ တရားခွေများ ဖွင့်ပေးသည်ကို ဆူဆူညံညံနှင့် ပိတ်ပစ်လိုက်ဟု ပြောကြောင်း ကြားခဲ့ဖူးပါသည်။ တရားနာသော အလေ့အကျင့်မရှိသူကို သေဆုံးကာနီးမှ တရားခွေဖွင့်ပေးထားလျှင် ထိုသို့ ပြောဆိုပါလိမ့်မည်။ ထို့ကြောင့် ဒေါ်နန်းဖောင်လို တရားနှင့် သေဆုံးနိုင်ခြင်းကို လေးစားချီးကျူးမိပါသည်။


ကောင်းရာဘုံဘဝ ရောက်ပါစေ......
ကျွန်တော်ကားကို မောင်း၍ လိုက်ပါပို့ဆောင်ပေးသူ အသင်းသား ကိုအောင်သူ(ခ)ကိုဘာသဲလ်အား ဒေါ်နန်းဖောင်၏ သမီးဖြစ်သူမှ ကျေးဇူးအထူးတင်ကြောင်းကို အကြိမ်ကြိမ် ရှိခိုးကန်တော့၍ ပြောကြားနေပြီး ကားဆီဖိုးနှင့် အသင်းအတွက် အလှူငွေဟု ပြောဆိုကာ ထိုင်းဘတ်ငွေ တစ်ထောင်တန် (၂)ရွက်နှင့် ကျပ်ငွေ မည်မျှမှန်းမသိကို ပေးအပ်လာရာ မောင်အောင်သူမှ ကျွန်တော်အသင်းသား အနေဖြင့် ၎င်းအလှူငွေကို လက်ခံလို့မရကြောင်း အလှူငွေသည် ရုံးခန်းဖွင့်လှစ်ထားသော အမှတ်(၇၅) ၀န်းကျောက်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ တာချီလိတ်မြို့ ရုံးခန်းတွင်သာ အလှူငွေလက်ခံကြောင်းနှင့် နာရေးရှင်များမှ အလှူငွေမပေးလှူလျှင်လည်း ဘာမှမဖြစ်ကြောင်း ကျွန်တော်တို့ အသင်းအနေဖြင့် အခကြေးငွေမယူ လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲပဲ မိမိတို့ တာဝန်ယူနိုင်သော ဘက်မှ အစွမ်းကုန်ပေးဆပ်နေသော အသင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုသို့ စိတ်ရှည်စွာဖြင့် နာရေးရှင်များကို အိမ်အရောက်ပို့ပေးခဲ့ပြီး အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးခဲ့သော ကိုအောင်သူ(ခ) ကိုဘာသဲလ်အား ဂုဏ်ယူလေးစားစွာဖြင့် အသင်း၏ သမိုင်းတွင် မှတ်တမ်းတင်ထားအပ်ပါသည်။



ဦးတင့်ဆွေ
( ဥက္ကဌ )
မဇ္ဈိမလူမှုကူညီရေးအသင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ သင်တန်းသား(၃)ဦး စေလွှတ်


Written By Mr.Administrator on Sunday, 28 April 2013 | Sunday, April 28, 2013



ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြုလုပ်သော ပရဟိတအသင်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (1/13)အား (၂၇.၄.၂၀၁၃)ရက်နေ့မှ (၄.၅.၂၀၁၃)ရက်နေ့ထိ  သင်တန်းဖွင့်လှစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုညီကူညီရေးအသင်း မှ အသင်းသား အသင်းသူ (၂)ဦး နှင့် မယ်ဆိုင်မြို့ရှိ လူမှုဂရုဏာအသင်း မှ အသင်းသား တစ်ဦးတို့သည် ဧပြီလ(၂၅) ရက်နေ့က ရန်ကုန်သို့ သွားရောက် သင်တန်းတက်လျှက်ရှိကြောင်း သိရသည်။
 { နာရေးကူညီမှုအသင်း[ရန်ကုန်]တွင် သင်တန်းပို့ချ}
ဧပြီလ(၂၇)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ သင်ကြားပို့ချမည့် သင်တန်းတွင် ဆရာ အလင်းဆက်မှ နိုင်ငံတကာဆက်ဆံရေး အသွင်အပြင်သစ်များ၊ ဆရာမ ဒေါ်မြင့်မြင့်ခင်ဖေမှ ဗုဒ္ဓဓမ္မနှင့်ပရဟိတ၊ ဆရာမ အေးမြလှိုင် The Sun မှ Critical Thinking၊ ဆရာမ ဒေါ်သန်းမြင့်အောင်မှ လူငယ်နှင့်ပရဟိတ ၊ စားသုံးသူအခွင့်အရေး၊ ဆရာနေလင်းအောင်မှ အသင်းအဖွဲ့အတွင်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဆရာ ဦးဖူးကျော်ဇင်မှ Leadership Skills၊ ဆရာ ဦးသန်းနိုင်မှ သန့်စင်သော ရေရရှိရန် ပြုလုပ်ပုံအဆင့်ဆင့်၊ ဆရာမ ဒေါ်သီတာမှ Working In Group နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ကြက်ခြေနီအဖွဲ့မှ အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကို သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။
{ အသင်းသားများအား စနစ်တကျ အစားအသောက်များယူဆောင်နေပုံ }

ဧပြီလအတွင်းက တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် တစ်မြို့နယ်တွင် သင်တန်းသား(၂)ဦး လက်ခံကြောင်း ရန်ကုန်သို့ လာရောက်မည်ဆိုပါက လမ်းစရိတ်သာ အကုန်အကျခံစေလိုပြီး ၎င်းတို့အနေဖြင့် နေစရိတ် စားစရိတ်နှင့် သင်တန်းပြီးသည်အထိ တာဝန်ယူမှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ၏ တောင်းဆိုချက်အရ သင်တန်းသို့ နှစ်ဦးအထက် စေလွှတ်နိုင်ခဲ့ပြီး သင်တန်းသွားတက်သူ (၃)ဦးအတွက် လမ်းစရိတ်ကိုလည်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက အကုန်အကျခံကာ ပို့ဆောင်ပေးတာဖြစ်ကြောင်းလည်း သိရသည်။
{ သင်တန်းပို့ချနေကြစဉ်}

မဇ္ဈိမလှုမှုကူညီရေးအသင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရာမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၁၂ခုနှစ် နိုဝင်ဘာလတုန်းက စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
{ နာရေးကူညီမှုအသင်း[ရန်ကုန်]၏ လှုပ်ဆောင်ချက်များအား ပြသစဉ် }

ယခုလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ဆက်သွယ်မေးမြန်းရာ " တာချီလိတ်မြို့မှာ ရှိတဲ့ အသင်းမှန်သမျှ ဒီလိုမျိုး လူမှုရေးနဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးမှာပဲဖြစ်ဖြစ် သာရေး/နာရေးမှာပဲဖြစ်ဖြစ် ကူညီမှုပေးတဲ့အခါမှာ စနစ်တကျဖြစ်ဖို့ လိုတာပေါ့၊ ဘာသင်တန်းမှ မတက်ထားပဲနဲ့ ဒီလိုမျိုး လူမှုကူညီရေးအသင်းတွေက အလုပ်တခုလုပ်မယ်ဆိုရင် အမှားအယွင်းတွေဖြစ်သွားခဲ့ရင် အသက်တွေ ဘာတွေ ဆုံးရှုံးမယ်ဆိုရင် တကယ် ကိုယ်ကယ်တင်လိုက်တဲ့ လူတွေအနေနဲ့  နံပါတ်(၁)က ဆုံးရှုံးနစ်နာမှု အရင်ဖြစ်မယ်၊ နံပါတ်(၂)က လူမှုကူညီရေးအသင်းတွေကွာ ဒီလိုမျိုးတွေ လျှောက်လုပ်လို့ ဒီလိုဖြစ်ကုန်တယ် စသဖြင့်ပေါ့ အသင်းတွေကို ထိခိုက်နစ်နာကုန်မှာ အဲ့ဒါကြောင့် တကယ်အလုပ်လုပ်မဲ့ ဘယ်အသင်းပဲဖြစ်ဖြစ် သင်တန်းတက်ချင်တယ် လမ်းစရိတ်မတတ်နိုင်ဘူး အကူအညီလိုတယ်ဆိုရင် ကိုယ့်အနေနဲ့ ကုန်ကျစရိတ်ခံပြီးတော့ ဦးကျော်သူတို့ အသင်းမှာ သင်တန်းဖွင့်တိုင်း လွှတ်ပေးသွားမယ်၊ တကယ်တော့ ဒီအလုပ်က ကိုယ်အလုပ်ချင်ဆုံးအလုပ်ပါ၊ သို့သော်လည်း တစ်ယောက်တည်းလုပ်လို့မရတဲ့ အလုပ်တွေမှာ အများနဲ့ပေါင်းပြီး လုပ်ရမှာပေါ့၊ လူမှုရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ စနစ်တကျ လုပ်တတ်သွားဖို့ဆိုတာ သိပ်အရေးကြီးတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြည့်ဆည်းပေးနေကြတာလို့ သဘောထားပြီး ကိုယ့်အနေနဲ့ အခုလို စေလွှတ်ပေးတာပါ"ဟု ပြောကြားလာသည်။




ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဦးကျော်သူ၏ အသင်းသို့ သင်တန်းသားစေလွှတ်
25 photos


လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

ဆမ်ဖူးမှ အသက်(၁၁၀) အဖွားအို နှင့် ကျောင်းဆရာမလေး မနှင်းအိဖြူ ( ပညာရေးထောက်ပံ့မှု )

Written By Mr.Administrator on Monday, 10 June 2013 | Monday, June 10, 2013 ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ အိမ်ခြေ(၈၀)ခန့်ရှိသော ပါဆာ/ဆမ်ဖူးကျေးရွာ၌ ကျောင်းဆရာမတစ်ဦးလိုအပ်နေသည့်အတွက် ယနေ့မှာ အဆိုပါကျေးရွာသို့ ကျောင်းဆရာမတစ်ဦး အပ်နှံသည့် ပညာရေးနှင့်ပတ်သက်သော ကိစ္စရပ်များအတွက် ဆောင်ရွက်ရန်တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသူ အသင်းသား (၄၅)ဦးတို့မှ သွားရောက်ခဲ့ကြသည်။





အဆိုပါအဖွဲ့တို့သည် နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့မှ စတင်ထွက်ခွာခဲ့ကြရာ ပါဆာ/ဆမ်ဖူး သို့ (၁၁)နာရီအချိန်မှာ ရောက်ရှိခဲ့သည်။ ဆမ်ဖူးသို့ မရောက်မီ မူလတန်းကျောင်းမှာ ဆရာမလေး မနှင်းအိဖြူကို ၀င်ခေါ်ခဲ့ပြီး ဆမ်ဖူးသို့ ဦးတည်ခဲ့ကြသည်။ (၁၁)နာရီအချိန်မှာ ဆမ်ဖူးသို့ ရောက်သောအခါ အဆိုပါအဖွဲ့မှ ကျောင်းဝန်းအတွင်း ဆရာမလေး နေရာအတွက် ရွာမှ ဆောက်လုပ်ပေးထားသော အဆောက်အဦကို ကြည့်ရှုခဲ့ကြရာ အဆောက်အဦအတွင်း လိုအပ်နေသည့် သစ်များ နှင့် အ၀တ်ဗီဒို တစ်လုံးကို ဦးတင့်ဆွေမှ တာချီလိတ်မှ တဆင့် ၀ယ်ယူကာ ပို့ဆောင်ပေးမည့်အကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်မှ တဆင့် လှူဒါန်းလိုက်သော ဆမ်ဖူး မူလတန်းကျောင်းရှိ ကလေးသုငယ်များအတွက် ရုပ်ပြကာတွန်းများနှင့် မိုးသောက်ပန်းကာတွန်းရုပ်ပြ စာစောင်များကို ကျောင်းအုပ်ဆရာမကြီး ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး နှင့် ဆရာမလေး မနှင်းအိဖြူတို့အား အထွေထွေအသုံးပြုနိုင်ရန်အတွက် ဦးတင့်ဆွေမှ ဘတ်(၁၀၀၀)စီ ပေးအပ်ခဲ့ပြီး တဆက်တည်းမှာပင် ဆရာမလေး မနှင်းအိဖြူအား အသင့်ဝယ်ယူလာသော ဆန်တစ်အိတ် နှင့် ဆီတစ်ပုံးအား ပေးအပ်ထောက်ပံ့ခဲ့ပါသည်။


{အသက် ၁၁၀ နှစ် အဖွားအို နှင့် အတူ}

ထို့နောက်တွင် အဆိုပါအဖွဲ့တို့သည် ကျေးရွာအတွင်းရှိ အသက်ကြီးဆုံးအဖွားအို မယ်ထောက်မီး အသက်(၁၁၀)နှစ်အား သွားရောက် ဂါရ၀ပြု ကန်တော့ပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန်အလိုငှာ စုပေါင်းကာ ဘတ်(၄၀၀၀)အား လှူဒါန်းခဲ့ကြသည်။ အသက်(၁၁၀)နှစ်ရှိ အဖွားအိုတွင် ယခုလက်ရှိတွင် မောင်နှမများကျန်ရှိသေးကြောင်းသိရပြီး အဖွားအို၏ မောင်လေးမှာ အသက်(၉၉)နှစ် နှင့် ညီမလေးမှ (၈၉)နှစ် ရှိပြီဖြစ်ကာ ၎င်းတို့မှာ သန်သန်မာမာဖြင့် သွားလာ လှုပ်ရှားနေသည်ကို တွေ့ရသည်။ ဥက္ကဌ ဦးတင့်ဆွေမှ အဖွားအိုအား အသက်ရှည်ကျန်းမာခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ အဖွားအိုက ၎င်းအနေဖြင့် ဓါတုဆေးဝါးများသုံးစွဲခြင်းမရှိကြောင်း ကျေးရွာအစားအစာတစ်မျိုးတည်းကိုသာ စားသုံးကြောင်း ထို့ကြောင့် ကျန်းမာသာဖြစ်ကြောင့် ပြောကြားလာခဲ့သည်။

{အသက် ၁၁၀နှစ်ရှိ အဖွားအိုနှင့် အမှတ်တရ}

ဆက်လက်ပြီး ဥက္ကဌ ဦးတင့်ဆွေမှ အဆိုပါကျေးရွာသို့  ကွင်းဆင်းသွားရောက်စဉ်က တစ်ညတာ အိပ်စက်ခဲ့ဖူးသည့် နေအိမ်သို့သွားရောက်ပြီး အသက်(၉၅)နှစ်ရှိ ဘိုးထောက်ခက် နှင့် အသက်(၈၁)နှစ်ရှိ အဖွားအို ဒေါ်နန်းနော်တို့အား ကန်တော့ခဲ့ကြပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ဘတ်(၁၀၀၀)စီ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။


ထိုမှတဆင့် ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်ပူဇော်ကန်တော့ခဲ့ကြရာ ဆရာတော်မှ ကျေးရွာနှင့် စစ်တပ်မှ မြေတူးရင် တွေ့ရှိလာသော ပေါ်တော်မှု ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပြသခဲ့ပြီး အဆိုပါ ရုပ်ပွားတော်၏ သက်တမ်းမှာ နှစ်ပေါင်း (၇၀၀)ခန့်ကြာပြီဖြစ်ကြောင်း ရှင်းပြလာပါသည်။


ရွာဦးကျောင်းမှ တဆင့် စာသင်ကျောင်းသို့ ပြန်လည်သွားရောက်ပြီး ကျောင်းအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် မဇ္ဈိမလူမှုကူညီရေးအသင်း၏ သီချင်းတပုဒ်ဖြစ်သော မဇ္ဈိမအလင်းအိမ် သီချင်းအား အားလုံးသီဆိုကြကာ နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့ နှုတ်ဆက်သည့်အချိန်တွင် အသင်းမှ ကူညီပေးခဲ့သော ဆရာမလေး မနှင်းအိဖြူမှာ ၀မ်းနည်းဝမ်းသာမှုကြောင့် မျက်ရည်ကျပြီး ငိုနေသည့်အတွက် အသင်းသူ အသင်းသားများမှ နှစ်သိမ့်ပေးကာ ဆမ်ဖူးရွာမှ မဇ္ဈိမအသင်းသူ အသင်းသားများ ပြန်လည်ထွက်ခွာခဲ့ကြပါတော့သည်။

ပုံများကိုကြည့်ရန်
ဆမ်ဖူးမှ အသက်(၁၁၀) အဖွားအို နှင့် ကျောင်းဆရာမလေး မနှင်းအိဖြူ
145 photos

မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -