ငါးဘာသာဂုဏ်ထူးရှင် မနန်းအောင်မော်မော်သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါ့ကျေးရွာနေ တောင်သူ ဦးဗွေလျှံထောင်း(ချင်းတိုင်းရင်းသား)နှင့် ဒေါ်နန်းနွန်း(ရှမ်းတိုင်းရင်းသူ)တို့မှ မွေးဖွားခဲ့ပြီး ပညာထူးချွန်ခဲ့ကာ ဘက်စုံထူးချွန် လူရည်ချွန်တစ်ဦးဖြစ်ပြီး ဖခင်ကျန်းမာရေးချို့တဲ့ကာ တောင်သူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရ၍ ပြင်ပကျူရှင်မယူနိုင်သော်လည်း ဆရာ/မများ၏ သင်ကြားပေးမှုကို အပတ်တကုပ် ကြိုးစားသင်ယူခဲ့သည့်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ စသည့် ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့သူ ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော် အစီအမံဖြင့် ရွေးချယ်ထားသည့် စင်္ကာပူနိုင်ငံသို့ ပညာတော်သင် ထူးချွန်ကျောင်းသား ကျောင်းသူ (၃၀)ဦးတွင်လည်း ရွေးချယ်ခံထားရသူဖြစ်ကြောင်း သိရသည်။ ( ကိုးကား။ ။ မောင်ယဉ်ကျေး)
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပြုလုပ်သော ဂုဏ်ပြုပွဲတွင် မနန်းအောင်မော်မော်အတွက် ပညာရေးအထောက်ပံ့ဖြစ်စေရန် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဆုတော်ငွေ ထိုင်းဘတ်(၁၀၀၀၀)တိတိကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ဥက္ကဌ ဦးတင့်ဆွေအား ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းမှ ကွန်ပျူတာခန်းသို့ လိုက်လံပြသရာ ကျောင်း၌ ကွန်ပျူတာများရှိနေသော်လည်း ကွန်ပျူတာပညာများကို ပြန်လည် သင်ကြားပေးမည့် ဆရာမရှိကြောင်း နှင့် ကွန်ပျူတာပညာသင်ကြားပေးနိုင်မည့် ဆရာများ လိုအပ်နေကြောင်းလည်း သိရှိရသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။




