- Back to Home »
- မှတ်တိုင်များ »
- မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပညာရေးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာသို့ သွားရောက်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပညာရေးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာသို့ သွားရောက်
Posted by :
saihlamin
Thursday, November 14, 2013
Written By Mr.Administrator on Wednesday, 29 May 2013 | Wednesday, May 29, 2013 တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ရှမ်းတိုင်းရင်းသား ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် လိုအပ်သည့် ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။
{ ကျောင်းအတွက် အလံလှူ }
အဆိုပါအဖွဲ့တို့သည် ပါဆာ/ဆမ်ဖူးကျေးရွာသို့ သွားရောက်ပြီး ကျောင်း၏အခြေအနေ
နှင့် ကလေးသူငယ်များ၏ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ပညာရေးမှူး
ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င်
အမာခံအသင်းသူ အသင်းသားတို့က ကျောင်းအတွက် အလံ နှင့် ကလေးသူငယ်များအတွက်
ကျောင်းသုံးဗလာစာအုပ်များကို ပေးဝေခဲ့ကြပြီး ကျောင်းတွင်
လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့်အတူ တွဲဖက်ခန့်အပ်ထားနိုင်ရန်အတွက် ဆရာမ
ဒေါ်နှင်းအိဖြူကိုလည်း ကျောင်းသားမိဘများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။မေလ(၂၃)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားတစ်ချို့သည် မိုင်းဖုန်း(က)အုပ်စုဘက်သို့ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ရာမှ အဆိုပါကျောင်းတွင် စာသင်ကြားပေးနိုင်ရန်အတွက် ဆရာ/မ လိုအပ်နေကြောင်းကို သိရှိရ၍ မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်တွေ့ဆုံကာ အဆိုပါကိစ္စအား ပြောဆိုဆွေးနွေးကြပြီးနောက် ယနေ့မှာ ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ပါဆာ/ဆမ်ဖူးကျေးရွာရှိ ရွာသူကြီး ဦးအိုက်ကောင်၏ ပြောဆိုချက်အရ မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းတွင် ယခင်နှစ်က စာသင်ကြားပေးနေသော ဆရာမမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး တစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ဆရာမကြီးမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုမျိုးနှင့်ကြုံလာသည့်အခါမျိုးတွင် ကျောင်းပိတ်သွားခဲ့ပြီး ခွင့်ယူရတာမျိုးလည်းရှိခဲ့သည်။ ထိုအခါမျိုး၌ ကျောင်းသား/သူ ကလေးသူငယ်များမှာ ဆရာမ အပိုမရှိ၍ ကျောင်းပျက်ရက် တစ်ချို့နှင့် ကြုံရသည်ဟု သိရသည်။
ပါဆာ/ဆမ်ဖူးကျေးရွာမှ အပြန်တွင် ၀မ်ပုံရှိ မူလွန်ကျောင်းသို့ဝင်ရောက်ကာ မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှမှ ကျောင်းအတွင်းရှိ ဆရာ/မများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းအား မိတ်ဆက်ပေးပြီး ကျောင်း၏ အခြေအနေအား ကြည့်ရှု့ခဲ့ကြပြီးနောက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျောင်းအတွက် (၂၀၀၀)ဘတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာ/မများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါကျောင်းတွင်လည်း ဆရာမ(၆)ဦး ဆရာ(၁)ဦးနှင့် ကျောင်းသား/သူ အရေအတွက်မှာ (၂၀၀)ခန့်ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ မိုင်းဖုန်းသို့
50 photos
Tachileik Online News မှာ ပြန်လည်ဖော်ပြပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။





