- Back to Home »
- မှတ်တိုင်များ »
- မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဆိုင်းငံ့ဝတ်စုံ စတင် အကောင်အထည်ဖော်
Posted by :
saihlamin
Thursday, November 14, 2013
Written By Mr.Administrator on Monday, 21 October 2013 | Monday, October 21, 2013
တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း မှ မရှိနွမ်းပါးသူများနှင့် အ၀တ်အစားလိုအပ်နေသူများအတွက် ဖြည့်စွမ်းပေးနိုင်ရန် အထူးရည်ရွယ်ကာ ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု စတင်ခြင်း အခမ်းအနားအား ဖွင့်ပွဲအဖြစ် ၂၀.၁၀.၂၀၁၃ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ရာ စေတနာရှင် အလှူရှင်များမှ မိမိတို့ မ၀တ်တော့သည်ဖြစ်သော အ၀တ်များကို ဆိုင်းငံ့ဝတ်စုံများအဖြစ် လာရောက် လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ တက်ရောက် အားပေးခဲ့သည်။
{ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဆိုင်းငံ့ဝတ်စုံ အကြောင်းပြောကြား }
ဖွင့်ပွဲတွင် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များမှ
လာရောက်လှူဒါန်းထားသည့် အ၀တ်အထည်များတွင် အမျိုးသား၊ အမျိုးသမီး နှင့် ကလေး
အရွယ်ဝတ် အ၀တ်အထည် ၅၂၇ ထည် ရှိကြောင်း သိရသည်။
{ ဆိုင်းငံ့ဝတ်စုံ ဖွင့်ပွဲမှ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း}
"လောလောဆယ် အလှူခံရရှိထားတဲ့ အ၀တ်အထည် ၅၂၇ ထည်ထဲက အထည် ၃၀၀ ကို မြ၀တီမြို့
မီးဘေးဒုက္ခသည်တွေ အတွက် မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းကနေ တဆင့်
ပို့ပြီးတော့ လှူဒါန်းပေးဖို့ ရှိပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ
ဦးတင့်ဆွေမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
၎င်းမှ ဆက်လက်၍ "မဇ္ဈိမလူမှုကူညီရေးအသင်းကနေပြီးတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထဲမှ မဏ္ဍပ်ထိုးပြီး အ၀တ်အထည်တွေကို ဆိုင်းငံ့ဝတ်စုံ အဖြစ် အလှူခံသွားဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောပြသည်။
မဇ္ဈိမလူမှုကူညီရေးအသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်က စတင်ဖွဲ့စည်း၍ ဥက္ကဌ ဦးတင့်ဆွေမှ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိတွင် သာရေး၊ နာရေး၊ ကျန်းမာရေးနှင့် လူမှုကူညီရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ဖော်ပြပါသည် ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ပုံများကိုကြည့်ရန်
39 photos



