Posted by : saihlamin Thursday, November 14, 2013


Written By Mr.Administrator on Saturday, 14 September 2013 | Saturday, September 14, 2013 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိထိရောက် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၈နာရီအချိန်က တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်+မိုင်းဆတ်) တို့မှ ပူးပေါင်း၍ ဆိုင်ကယ်စီးဦးထုပ်များအား အခမဲ့ပေးဝေမှု အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ သွားလာနေသူများ၊ ဆိုင်ကယ်စီး ဦးထုပ်မရှိသူများအား ရပ်တန့် စစ်ဆေးစီစစ်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်+မိုင်းဖြတ်)မှ လှူဒါန်းသည့် ဆိုင်ကယ်စီးဦးထုပ် ၁၀၀လုံးအား ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ယခုလို အခမဲ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလိုပြုလုပ်ရမှာ တာချီလိတ်မြို့နယ် တပ်စိတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စံသိန်း နှင့် ရဲအုပ်သန်းဇော်လင်း တို့ ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဝင်များနှင့် မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်+မိုင်းဆတ်) ဥက္ကဌ ဦးတင့်ဆွေ ဦးဆောင်သော အသင်းသား/အသင်းသူများမှ ဆိုင်ကယ်စီးဦးထုပ်မရှိသူများနှင့် မဆောင်းကြသူများအား ပေးအပ်တာဖြစ်ပြီး ပေးအပ်မှု မပြုလုပ်မီတွင် ရဲအုပ်စံသိန်းမှ ဆိုင်ကယ်စီးဦးထုပ်နှင့် ပတ်သက်သည့် ယာဉ်အန္တရာယ်ကာကွယ်ရေး အကြောင်းအရာများအား  အသိပညာပေးအဖြစ် ဟောပြောခဲ့ပြီးနောက် ဆိုင်ကယ်စီး ဦးထုပ်များအား ပေးအပ်ခဲ့ကြသည်။


"ယာဉ်ထိန်းရဲတွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ ဖမ်းတဲ့အခါမှာ စေတနာနဲ့ အသိပေးတာတွေ၊ ဒဏ်ရိုက်တာတွေ ရှိပါတယ်။ အခုအခါမှာတော့ ဆိုင်ကယ်စီးဦးထုပ်မရှိတဲ့ လူတွေလည်း ရစေချင်လို့၊ တစ်ချို့ကလည်း ရှိရက်နဲ့မဆောင်းတာပေါ့၊ ဒီတခေါက်တော့ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတဲ့ လူတွေကို ဖမ်းပြီး ဒဏ်မရိုက်ပဲ ဆိုင်ကယ်စီးဦးထုပ် အခမဲ့ ပြန်လှူပေးဖို့ ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးအသင်းက အလုံး ၁၀၀ လှူဒါန်းပေးတာဖြစ်ပါတယ်၊ ဒီလိုလုပ်မှလည်း သက်ဆိုင်ရာတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ဖမ်းတာကို ဘာကြောင့် ဖမ်းတယ်ဆိုတာ နားလည်ကြမှာဖြစ်ပါတယ် "ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ယခုကဲ့သို့ ဆိုင်ကယ်စီးဦးထုပ်များကို  အခမဲ့ ပေးဝေနေမှုများအား မြန်မာပြည်တစ်ဝန်း၌ လုပ်ဆောင်နေကြကြောင်းလည်း သိရှိရသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -