Posted by : saihlamin Wednesday, November 20, 2013


Written By Mr.Administrator on Monday, 4 March 2013 | Monday, March 04, 2013

မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာဒါနအဖြစ် စာရေး ဆရာဦးဘုန်း(ဓါတု) နဲ့ စာရေးဆရာ ညီမင်းညို ( ဒေါက်တာ ညီပေါက် [ဘိုင်အို ဆရာ] )တို့နဲ့  မတ်လ(၂)ရက်နေ့မှ(၃)ရက်နေ့ထိ နှစ်ရက်တာ ပညာဒါန အစီစဉ်ကို အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှာ ပြုလုပ်ခဲ့ကြပါတယ်။


ဆရာဦးဘုန်း(ဓါတု) က chemistry ဘာသာရပ် နဲ့ ဆရာ ညီမင်းညိုက Biology ဘာသာရပ်ကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလို သင်ကြားရာသို့ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်) နဲ့ အ.ထ.က-ခွဲ(မိုင်းကိုး)တို့မှ ကျောင်းသား/သူများ လာရောက်သင်ယူကြတာကို တွေ့ရပါတယ်။ အခုလို ပညာဒါနအဖြစ် ပြုလုပ်နိုင်ဖို့ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ရဲ့ ခွင့်ပြုချက်နဲ့ အ.ထ.က(ဆန်ဆိုင်း)မှာ ပြုလုပ်ဖြစ်တာဖြစ်ပြီး ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ ဆရာ/မများက ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

{ ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး နှင့် ဆရာ ဦးဘုန်း(ဓါတု) }
{မဇ္ဈိမလူမှုကူညီရေးအသင်း ဦးတင့်ဆွေ နှင့် ဆရာ ညီမင်းညို}

စာသင်ကြားပေးကြတဲ့ ဆရာဦးဘုန်းနဲ့ ဆရာညီမင်းညို တို့ကို အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။ ပညာဒါနပြုလုပ်ကြတဲ့ စာရေးဆရာများဟာ မဇ္ဈိမလူမှုကူညီရေးအသင်းနဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က ပြုလုပ်တဲ့ စာပေဟောပြောပွဲအတွက် ရောက်ရှိလာရင်း အခုလို ၎င်းတို့ရဲ့ အားလပ်ချိန်မှာ စာသင်ကြားပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ မှ သတင်းအား မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -