Posted by : saihlamin Wednesday, November 20, 2013


Written By Mr.Administrator on Saturday, 8 June 2013 | Saturday, June 08, 2013

ကျောင်းဖွင့်ကာလကို ရောက်ပြီဖြစ်တာကြောင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ပညာရေးထောက်ပံ့မှုအဖြစ် ကျောင်းအသီးသီးတို့၌ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိရာ ဇွန်လ(၆)ရက်နေ့က ဓမ္မာသစ္စာဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကချင်ရွာကျောင်း၊ ASG ရှိ ကလေးသူငယ်များအား ထောက်ပံ့ခြင်းနှင့် တာလော့ကျောင်းတို့တွင် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။







ဓမ္မာသစ္စာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဗလာစာအုပ်(၁၄)ဒါဇင် နှင့် ခံတံအကြီး/အသေး(၂)ဗူး၊ ASG တွင် စာအုပ်(၂၁)ဒါဇင် နှင့် ဘောပင်(၁)ဗူး၊ ခဲတံဗူးကြီး/သေး (၂)ဗူး၊ ကချင်ရွာကျောင်းတွင် ဗလာစာအုပ်(၂၆)ဒါဇင်၊ ခဲတံဗူးကြီး/သေး(၂)ဗူး နှင့် တာလော့ကျောင်းတွင်လည်း ဗလာစာအုပ်(၇)ဒါဇင် နှင့် ခံတံအကြီး/သေး(၂)ဗူးတို့အား ပေးအပ်လှူဒါန်းခဲ့ကြရာ ဗလာစာအုပ် စုစုပေါင်း(၆၈)ဒါဇင်၊ ဘောပင်(၁)ဗူး၊ ခဲတံအသေး (၄)ဗူး၊ ခံတံအကြီး(၄)ဗူးတို့ကို အဆိုပါကျောင်းများသို့ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျောင်းသုံးစာရေးကိရိယာများလှူ
13 photos
မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -