မေမေ့ နှုတ်ဖျား ထွက်စကား သားနား သံစဉ် အချိုတကာ့ ဘုရင်
ဖုန်းဆက်တိုင်းပင် ကြားနေတာ အစဉ်၊ ဟ လို
အမေအို လား၊ အေး၊ သားလတ်ကလေးလား၊ ဟုတ်တယ် မေမေ
သားလတ်လေး နေကောင်းလား၊ အလုပ်တွေကော အစဉ်ပြေလား၊
ကျန်းမာရေးဂရုစိုက်နော် သားလေး၊
အမေနေကောင်းတယ် သားလေး၊
သားနှုတ်ဖျား ဘာစကားမှ မပြောခင်
အမေအို့မေတ္တာ တရား၊ သား အမြဲကြားခဲ့ အကြိမ်တိုင်ပင်၊
အဲဒါ သားအမြဲချစ်ရတဲ့ မေမေ ဒေါ်ငွေကျင်၊
အချိုတကာ့ ဘုရင်၊ သံစဉ် ပိုင်ရှင်
ဦးထိပ်ပန်ဆင်
ကိုးကွယ်ပါတယ် အရှင် . . . . .
၁၅-၁-၂၀၁၅ ပြာသိုလ်လပြည့်နေ့
မြန်မာအမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဦးတင့်ဆွေ
မဇ္ဈိမလူမှုကူညီရေးအသင်း
