- Back to Home »
- မှတ်တိုင်များ »
- မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်)အား အောင်မြင်စွာ ဖွဲ့စည်း
Posted by :
saihlamin
Thursday, November 14, 2013
မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၌ ဇူလိုင်လ(၁၀)ရက်နေ့က မိုင်းဆတ်မြို့မှ အသင်းသား/သူ (၄၈)ဦးဖြင့် မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်)အား အောင်မြင်စွာ ဖွဲ့စည်းပေးခဲ့ပါသည်။
{ မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်)၏ အသင်းသား/သူများနှင့် အတူ}
မိုင်းဆတ်မြို့တွင် လူမှုရေးလုပ်ငန်းများဖြစ်
အများအကျိုးသယ်ပိုးလိုသော စေတနာရှင်ပြည်သူလူထု အများအပြားရှိနေလျှက်ရှိပြီး
၎င်းတို့အနေဖြင့် လမ်းစကို မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ
လမ်းပြဖော်ဆောင်ပေးခဲ့ပြီး အဆိုပါ မြို့နယ် ရုံးခွဲအတွက် လောလောဆယ်
(၆)လအတွင်း ယာယီအနေဖြင့် အသင်းတာဝန်ခံများဖြစ်သည့် ဥက္ကဌ ဦးကြည်ဝင်း၊
အတွင်းရေးမှူး ဦးထွန်းထွန်း၊ ဘဏ္ဍာရေးမှူး ဦးတင်အောင် နှင့် ပြန်ကြားရေး
မသန်းသန်းအေးတို့အား တာဝန်အသီးသီးပေးအပ်ကာ မိုင်းဆတ်အတွက် လူမှုအကျိုးကို
သယ်ပိုးနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်) ဥက္ကဌ ဦးတင့်ဆွေက
ဖွဲ့စည်းလမ်းညွှန်ပေးခဲ့ပါသည်။
မိုင်းဆတ်ရုံးခွဲအတွက် အသင်းတာဝန်ခံ ဥက္ကဌ၊ အတွင်းရေးမှူး စသည့်
တာဝန်များကို ပေးအပ်ရာမှာ မိုင်းဆတ်မြို့ရှိ အသင်းသားများမှ
သဘောတူညီစွာ ရွေးချယ်ပေးခဲ့တာဖြစ်ပြီး အသင်းအတွက် ဥက္ကဌ ဦးတင့်ဆွေမှ
ကျပ်(၅)သိန်းအား မတည်ငွေအဖြစ် နှင့် အသင်း၌ ဆက်သွယ်မှုအဆင်ပြေစေရန်အတွက်
ဖုန်းကဒ်အပါ ရုံးအထိုင်ဖုန်းနှင့် ပြန်ကြားရေးအတွက် ဖုန်း
တို့အား ပေးအပ်ကူညီခဲ့သည်။
မိုင်းဆတ်မြို့၊ မြို့ဦးကျောင်းသို့ မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ
ရှင်အရဟံနှင့် အနော်ရထာမင်းမြတ်တို့၏ ရုပ်တုတော်အား
ထုလုပ်ပူဇော်ရန်ကိစ္စနှင့်ပတ်သက်၍ သွားရောက်ရာမှ မြို့ဦးကျောင်း ဆရာတော်
နှင့် ကျောင်းတည်ရှိရာ ရပ်ကွက်မှ တောင်းဆိုမှုကြောင့် ယခုလို
မဇ္ဈိမလူမှုကူညီရေးအသင်း(မိုင်းဆတ်)အား ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။





