Posted by : saihlamin Thursday, November 14, 2013


Written By Mr.Administrator on Monday, 2 September 2013 | Monday, September 02, 2013 ၂၇.၈.၂၀၁၃ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်းသို့မူးယစ်ဆေးဝါးစွဲလမ်းနေသူ ၃ ဦးမှ ဆေးဖြတ်ချင်ကြောင်း ဆက်သွယ်အကူအညီတောင်းလာသည့်အတွက် အသင်းမှ တာဝန်ရှိသူများက ပြည်သူ့ဆေးရုံရှိ ဆရာဝန်နှင့် တိုင်ပင်ကာ ဆရာဝန်၏ လမ်းညွှန်ချက်အရ ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ တာချီလိတ်မြို့မှ တဆင့် အသင်းတာဝန်ခံများဖြစ်သူ ဦးရှမ်းဘို နှင့် ဦးနေမျိုးတို့မှ သွားရောက် ပို့ဆောင်ပေးခဲ့ကြပါသည်။




ထိုသို့ပို့ဆောင်ပေးရာတွင် ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များအသင်းမှ ဦးကျော်သူအောင် နှင့် အဖွဲ့မှ လိုက်ပါ ကူညီဆောင်ရွက်ပေးပြီး ဆေးဖြတ်သူ ၃ ဦးအတွက် နေထိုင်စားသောက်စာရိတ်အဖြင့် နှလုံးလှပိုင်ရှင်များအသင်းမှ တဆင့်ပြန်လည် ကူညီနိုင်ရန် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျပ်တစ်သိန်းငါးသောင်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -