Posted by : saihlamin Wednesday, November 20, 2013


Written By Mr.Administrator on Saturday, 18 May 2013 | Saturday, May 18, 2013


၂၀၁၃ခုနှစ် မေလ(၁၇)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေသည် စွန့်ပစ်ခံမိဘများ၏ရင်သွေး ကလေးငယ်များရဲ့ ပညာရေးအနာဂါတ်ထောက်ပံ့မှုအဖြစ် ကူညီမှုများပေးခဲ့ပါသည်။


တာချီလိတ်မြို့ရှိ ASGရုံးတွင် စွန့်ပစ်ခံမိဘများ၏ ရင်သွေးကလေးငယ်များရဲ့ ပညာရေးထောက်ပံ့မှု အကူအညီလိုအပ်နေကြောင်းကို အသင်းသား တစ်ဦးဖြစ်သူ ကိုစောလှမင်း၏ အသိပေးချက်အရ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေသည် အဆိုပါရုံးသို့ သွားရောက်ပြီး ကလေးသူငယ်များအား ကြည့်ရှု့ပြီး "ကျောင်းတက်သည့်အခါမှာ ကျောင်းမှ  အလှူငွေများနှင့် အခြားငွေကြေးများ ကောက်ခံပါက ပြောကြားလာရန် နှင့် ကျောင်းသုံးစာရေးကိရိယာများ လိုအပ်လာပါက ပြောကြားလာပါရန် ထိုသို့ ပြောကြားလာပါက ဦးတင့်ဆွေအနေဖြင့် ကူညီကာ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ကလေးသူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။



ဆက်လက်၍ ကလေးသူငယ်(၁၅)ဦးအနေဖြင့် အထွေထွေအသုံးပြုနိုင်ရန်အတွက် ဘတ်ငွေ(၅၉၀၀)ဘတ် ကူညီထောက်ပံ့ခဲ့ပါသည်။ တဆက်တည်းမှာပင် အဆိုပါကလေးသူငယ်(၁၅)ဦးထဲမှ တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စုနေ ကလေးငယ်တစ်ဦးမှာ ကျောင်းနှင့်အိမ်သို့ သွားရန် ဝေးကွာလွန်းပြီး အခက်အခဲဖြစ်နေသည့်အတွက် ထိုင်းဘတ်ငွေ(၂၄၀၀)ဘတ် တန်ဖိုးရှိသော စက်ဘီးတစ်စီးအား ဥက္ကဌ ဦးတင့်ဆွေမှ ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝယ်ပေးခဲ့ပါသည်။


{စက်ဘီးအား လိုက်လံဝယ်ယူပေးနေစဉ်}

ထပ်မံ၍လည်း ကလေးသူငယ်များ ကျောင်းတက်ရန်အတွက် အားငယ်ဖို့မလိုကြောင်း ကျောင်းတက်သည့်အခါ ပညာသင်စရိတ်၊ ကျောင်းသုံးစာရေးကိရိယာများ နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကလေးသူငယ်များအား အထူးအားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါသည်။

မဇ္ဈိမလူမှုကူညီရေးအသင်း



လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -