- Back to Home »
- မှတ်တိုင်များ »
- နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ သင်တန်းသား(၃)ဦး စေလွှတ်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ သင်တန်းသား(၃)ဦး စေလွှတ်
Posted by :
saihlamin
Thursday, November 14, 2013
Written By Mr.Administrator on Sunday, 28 April 2013 | Sunday, April 28, 2013
ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြုလုပ်သော ပရဟိတအသင်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (1/13)အား (၂၇.၄.၂၀၁၃)ရက်နေ့မှ (၄.၅.၂၀၁၃)ရက်နေ့ထိ သင်တန်းဖွင့်လှစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုညီကူညီရေးအသင်း မှ အသင်းသား အသင်းသူ (၂)ဦး နှင့် မယ်ဆိုင်မြို့ရှိ လူမှုဂရုဏာအသင်း မှ အသင်းသား တစ်ဦးတို့သည် ဧပြီလ(၂၅) ရက်နေ့က ရန်ကုန်သို့ သွားရောက် သင်တန်းတက်လျှက်ရှိကြောင်း သိရသည်။
{ နာရေးကူညီမှုအသင်း[ရန်ကုန်]တွင် သင်တန်းပို့ချ}
{ အသင်းသားများအား စနစ်တကျ အစားအသောက်များယူဆောင်နေပုံ }
ဧပြီလအတွင်းက တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် တစ်မြို့နယ်တွင် သင်တန်းသား(၂)ဦး လက်ခံကြောင်း ရန်ကုန်သို့ လာရောက်မည်ဆိုပါက လမ်းစရိတ်သာ အကုန်အကျခံစေလိုပြီး ၎င်းတို့အနေဖြင့် နေစရိတ် စားစရိတ်နှင့် သင်တန်းပြီးသည်အထိ တာဝန်ယူမှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
သင်တန်းတက်ရောက်နိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ၏ တောင်းဆိုချက်အရ သင်တန်းသို့ နှစ်ဦးအထက် စေလွှတ်နိုင်ခဲ့ပြီး သင်တန်းသွားတက်သူ (၃)ဦးအတွက် လမ်းစရိတ်ကိုလည်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက အကုန်အကျခံကာ ပို့ဆောင်ပေးတာဖြစ်ကြောင်းလည်း သိရသည်။
{ သင်တန်းပို့ချနေကြစဉ်}
မဇ္ဈိမလှုမှုကူညီရေးအသင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရာမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၁၂ခုနှစ် နိုဝင်ဘာလတုန်းက စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
{ နာရေးကူညီမှုအသင်း[ရန်ကုန်]၏ လှုပ်ဆောင်ချက်များအား ပြသစဉ် }
ယခုလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သင်တန်းတက်ရောက်နိုင်ရန်အတွက် စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ဆက်သွယ်မေးမြန်းရာ " တာချီလိတ်မြို့မှာ ရှိတဲ့ အသင်းမှန်သမျှ ဒီလိုမျိုး လူမှုရေးနဲ့ပတ်သက်တဲ့ ကယ်ဆယ်ရေးမှာပဲဖြစ်ဖြစ် သာရေး/နာရေးမှာပဲဖြစ်ဖြစ် ကူညီမှုပေးတဲ့အခါမှာ စနစ်တကျဖြစ်ဖို့ လိုတာပေါ့၊ ဘာသင်တန်းမှ မတက်ထားပဲနဲ့ ဒီလိုမျိုး လူမှုကူညီရေးအသင်းတွေက အလုပ်တခုလုပ်မယ်ဆိုရင် အမှားအယွင်းတွေဖြစ်သွားခဲ့ရင် အသက်တွေ ဘာတွေ ဆုံးရှုံးမယ်ဆိုရင် တကယ် ကိုယ်ကယ်တင်လိုက်တဲ့ လူတွေအနေနဲ့ နံပါတ်(၁)က ဆုံးရှုံးနစ်နာမှု အရင်ဖြစ်မယ်၊ နံပါတ်(၂)က လူမှုကူညီရေးအသင်းတွေကွာ ဒီလိုမျိုးတွေ လျှောက်လုပ်လို့ ဒီလိုဖြစ်ကုန်တယ် စသဖြင့်ပေါ့ အသင်းတွေကို ထိခိုက်နစ်နာကုန်မှာ အဲ့ဒါကြောင့် တကယ်အလုပ်လုပ်မဲ့ ဘယ်အသင်းပဲဖြစ်ဖြစ် သင်တန်းတက်ချင်တယ် လမ်းစရိတ်မတတ်နိုင်ဘူး အကူအညီလိုတယ်ဆိုရင် ကိုယ့်အနေနဲ့ ကုန်ကျစရိတ်ခံပြီးတော့ ဦးကျော်သူတို့ အသင်းမှာ သင်တန်းဖွင့်တိုင်း လွှတ်ပေးသွားမယ်၊ တကယ်တော့ ဒီအလုပ်က ကိုယ်အလုပ်ချင်ဆုံးအလုပ်ပါ၊ သို့သော်လည်း တစ်ယောက်တည်းလုပ်လို့မရတဲ့ အလုပ်တွေမှာ အများနဲ့ပေါင်းပြီး လုပ်ရမှာပေါ့၊ လူမှုရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ စနစ်တကျ လုပ်တတ်သွားဖို့ဆိုတာ သိပ်အရေးကြီးတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြည့်ဆည်းပေးနေကြတာလို့ သဘောထားပြီး ကိုယ့်အနေနဲ့ အခုလို စေလွှတ်ပေးတာပါ"ဟု ပြောကြားလာသည်။
ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဦးကျော်သူ၏ အသင်းသို့ သင်တန်းသားစေလွှတ်
25 photos
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ



