တကယ်တော့ စာအုပ်များကို တာချီလိတ်လူငယ်များအဖွဲ့ ( http://youth.tachileik.net )က ရန်ကုန်မှ စီစဉ်မှာယူတာဖြစ်ပြီး စာအုပ်၏ ကုန်ကျငွေများကိုလည်း တာချီလိတ်လူငယ်များအဖွဲ့က အကုန်ကျခံတာဖြစ်ပါသည်။ စာအုပ်၏ နောက်ဖက်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမှတ်တံဆိပ် နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း၏ အင်တာနက်လိပ်စာများကို ရေးထည့်ထားပါသည်။ တာချီလိတ်လူငယ်များအဖွဲ့ရှိ အဖွဲ့ဝင်များသည် အဝေးရောက်နေခြင်း၊ ထိုင်းနိုင်ငံဘက်ရှိ ဟိုတယ်များမှာ အလုပ်ဝင်ရောက် လုပ်ကိုင်နေကြခြင်းကြောင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ရပ်နားထားရတာကြောင့် ယခုလို ၎င်းတို့ အဖွဲ့အမည်အစား မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမည်ကို ယူကာ စာအုပ်၏ နောက်ကျောဖက်မှာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ



