Posted by : saihlamin Wednesday, November 13, 2013

ဆိုင်းငံ့ဝတ်စုံ အခြေခံ အကြောင်းတရား နှင့် အကျိုးတရား

Written By Mr.Administrator on Tuesday, 24 September 2013 | Tuesday, September 24, 2013

Facebook မှာ ဖတ်လိုက်ရတဲ့ အီတလီ ကျေးလက်ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်နေ့မှာ လူတစ်ယောက်က ရွာထဲမှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို ၀င်လာပြီး ကော်ဖီမှာပါတယ် ဆိုင်ရှင်က ကော်ဖီတစ်ခွက်ချပေးလိုက်ပါတယ်ခင်ဗျာ........။ ကော်ဖီသောက်ပြီး ပိုက်ဆံထရှင်းချိန်မှာတော့ (၂)ခွက်ဖိုးရှင်းပေးပြီး တစ်ခွက်စာအား ဆိုင်းငံဟု ပြောဆိုသွားပါတယ်။ ခဏအကြာမှာတော့ သားအဖနှစ်ယောက် ၀င်လာပြန်ပါတယ်။ ကော်ဖီ(၂)ခွက်မှာသောက်ကာ (၅)ခွက်ဖိုးရှင်းပြီး ဆိုင်းငံ့(၃)ခွက်ဟုပြောသွားပါတယ် နားမလည်နိုင်စွာ စဉ်းစားနေရင်း အ၀တ်အစားခပ်နွမ်းနွမ်းနဲ့ လူကြီးတစ်ယောက် ဆိုင်ထဲဝင်လာကာ ဒီနေ့ဆိုင်းငံကော်ဖီလေး ရမလားခင်ဗျာ ဆိုပြီးမေးလာပါတယ်.......။

ဆိုင်ရှင်က ပြန်ပြောလိုက်ပါတယ်။ ဟုတ်ကဲ့ ဆိုင်ငံ ကော်ဖီ (၄)ခွက်ရှိပါတယ်လို့ ပြောပြီး ထိုလူကြီးကို ကော်ဖီ တစ်ခွက်ချပေးလိုက်ပါတယ်....... ပြီးတော့ သုံးခွက် ကျန်ပါသေးတယ်လို့ ပြောလိုက်ပါသေးတယ်........။

ဟုတ်ကဲ့ ဒီပုံပြင်လေးကို ကျွန်တော် ဖတ်မိလိုက်တဲ့အချိန်မှာ ဘာတွေ ပထမဆုံးရမိလဲဆိုတော့ သူတို့နိုင်ငံမှာရှိတဲ့ ဓလေ့တစ်ခုပေါ့ဗျာ။ ပေးသူရယ်၊ ယူသူရယ်၊ ကြားက ဆက်စပ်ပေးသူရယ် ဒီ(၃)ဦးရဲ့ တစ်ဦးချင်းစီမှာရှိတဲ့ အမြင်လေးတွေကို တွေးတောခံစားရမိတယ်။ ပထမဆုံးက ပေးသူဗျ၊ သူက မည်သူမည်ဝါကို မည်သည့်အချိန်မှာ ပေးမယ်လို့ ရည်ရွယ်ချက်မရှိပါဘူး၊ သူ့မှာရှိတဲ့ စိတ်ထားတစ်ခုက လိုအပ်နေသူအတွက် လိုအပ်ချိန်မှာပေးနိုင်ဖို့အတွက်ပါပဲ၊ သူဘာကိုမှ မမျှော်လင့်ပါဘူး သူပေးခဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက် လေးတစ်ခုတည်းပါ....။

နောက်ထပ် ယူသူကိုလည်းကြည့်ပါ သူလဲ မည်သူကပေးတယ် မည်သည့်အတွက်ကြောင့်ပေးတယ် မည်သည့် အချိန်မှာပေးတယ်ဆိုတာ သူမလိုပါဘူး သူ့အတွက်လိုအပ်ချက်ကို ရိုးသားစွာနဲ့ ရှိလား ရှိရင် သူယူလိုက်တယ်ဗျာ၊ နောက်ဆုံး ဆိုင်ရှင်ဖြစ်တဲ့ ဆက်စပ်ပေး၊ သူလဲ သူ့ရဲ့ သန့်ရှင်းတဲ့ ဂုဏ်သိက္ခာ၊ ပေးသူနဲ့ ယူသူ အချိန်အခါသင့်စေဖို့ဘယ်လောက်ကျန်တယ် ဆိုတာရယ် ဘယ်လောက်ရနိုင်သေးတယ် ဆိုတာလေးရယ်ကို ပြောဆိုပြီး ပေးသူစိတ်ချမ်းသာစေဖို့ သူအကျိုးဆောင်ပေးတယ်ခင်ဗျ။

ဒီပုံပြင်လေးကို ဖတ်မိပြီး ကျွန်တော်စဉ်းစားကြည့်မိတယ် ကျွန်တော်တို့ နိုင်ငံမှာဆိုရင်ရော ဖြစ်နိုင်မလားပေါ့ ပြဿနာ နည်းနည်းရှိနိုင်တယ်လို့တွေးမိတယ်၊ နံပါတ်(၁) ပေးသူက ပထမဆုံးစဉ်းစားမိမယ်.....။ ငါပေးတာကို ကြားခံလူက တကယ်ပေးပါ့မလား။
နံပါတ်(၂) ယူသူကကော ရဲရဲဝံ့ဝံ့ မေးရဲပါ့မလား. အလွယ်ရလို့အချောင်ခိုတဲ့ စိတ်တွေများဝင်သွားမလား။ နံပါတ်(၃)ဒီလိုဘဲ ကြားခံလူကကော သူ့မှာလက်ခံရရှိထားတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောပါ့မလား ငါ့ဒီလောက်ပေးလိုက်လို့ သူတို့မသိနိုင်ပါဘူး၊ ဒါလေးငါ့အတွက် ထားလိုက်ရင် ဆိုတဲ့စိတ်ဓါတ်တွေများရှိနေမလား။

နောက်ပြီးတော့ joiner အနေနဲ့ သူ့ဆိုင်မှာ ဧည့်သည်များနေလို့ အလုပ်ရှုပ်နေချိန်များမှာ ယူသူကို ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါ့မလား၊ အဆင့်မခွဲခြားပဲ ကျေနပ်စွာပေးဆပ်ပါ့မလား၊ စသည့် အတွေးပေါင်းများစွာနဲ့ တွေးတောစဉ်းစားမိရင်း  နောက်ဆုံးမှာတော့ ကျွန်တော် အကြံလေးတစ်ခု ပေါ်လာတယ်။

အထက်ကို ကျွန်တော်ဥာဏ်မှီသလောက် စဉ်းစားမိသော အချက်တွေကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆရသော နည်းလမ်းလေးတခုပေါ်လာပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ မတူညီတဲ့ လူတန်းစားတွေကို ညှိပေးဖို့ ပစ္စည်းလေးတစ်ခု ရှာကြံကြည့်လိုက်တော့ အ၀တ်အစားတွေကို ရှာတွေ့မိတယ်ဗျာ.....။

တစ်ချို့မိသားစုတွေမှာ အ၀တ်အစားတွေ ပိုလျှံနေကြတယ်။ တစ်ချို့လူတွေမှာကြတော့ ၀တ်စရာ တကယ်ရှားပါးနေတယ်ဆိုတာ စဉ်းစားမိတယ်  နောက်ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပြီဆိုရင်  အဲဒီအချိန်ရောက်မှ ကျွန်တော်တို့တွေ လိုက်လံအလှူခံ နေကြတယ်ဗျာ....။

အလှူခံရလို့ ပေးလှူပြန်တော့လဲ စနစ်မကျတော့ဘူး အချိန်တိုအတွင်းမှာ ကျားဝတ်၊ မ၀တ်၊ ခလေးဝတ်၊မခွဲနိုင်တော့ဘူး၊ တကယ်လို့သာ ကျွန်တော်တို့တွေအနေနဲ့ ဒီကွက်လပ်ကိုဖြည့်ဖို့ ဆိုင်းငံဝတ်စုံ ဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုနဲ့ အလှူခံနေရာလေးတွေ သတ်မှတ်ပြီး အ၀တ်ဗီရိုလေးတွေ လိုက်လံထားမယ်ဆိုရင် လိုသူတွေအတွက်လည်း စနစ်တကျပေးနိုင်သလို ပေးလှူသူတွေအနေနဲ့ လည်း ဒေသစွဲ၊ပုဂ္ဂိုလ်စွဲကင်းသော အလှူတခုဖြစ်နေတာကြောင့် ထိရောက်သောအလှူဖြစ်သလို သန့်ရှင်းသော အလှူကို တာဝန်မပိစေဘဲ ကိုယ့်အတွက် မလိုတော့သည့် အ၀တ်အထည်များကို အမှန်တကယ် လိုအပ်သူများ လက်ထဲကို ရောက်ရှိစေမှာဖြစ်ပြီး၊ ကောင်းမှုတစ်ခု မကြာခဏ ပြုလုပ်နိုင်မှာပဲလို့တွေးမိပြီး ကျွန်တော် ဒီဆိုင်းငံဝတ်စုံဆိုတဲ့ အစီအစဉ်လေးကို အမြဲတမ်း အမှတ်တရဖြစ်နေအောင် 25-9-2013 ကျွန်တော့်မွေးနေ့မှာ စတင်အကောင်အထည်ဖေါ်လိုက်မိပါတယ်။

ကျွန်တော်တို့ တာချီလိတ်မြို့ရှိ ရပ်ကွက်ရုံးတိုင်းမှာ အ၀တ်ဗီရိုများကို လိုက်လံထားရှိမှာဖြစ်ပြီး အလှူရှင်အမည် ကျားဝတ်၊ မ၀တ်၊ ပြီးတော့ ဆိုဒ်နံပါတ်ကအစ တိတိကျကျ စာရင်းများ ပြုလုပ်ထားစေမှာဖြစ်ပြီး သဘာဝဘေးအန္တရာယ် မရှိလို့ မလှူရရင်လဲ ရပ်ကွက်အတွင်းမှ နွမ်းပါးသူများကို စနစ်တကျ ပေးလှူစေမှာဖြစ်ပါတယ်၊

25-9-2013နေ့ ညနေ(၁၆း၀၀)နာရီမှာ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးနှင့် မကာဟိုခမ်း
ရပ်ကွက်ရုံးတို့မှာ အ၀တ်ဗီရိုများကို စတင်ထားရှိမှာဖြစ်ပြီး ကျန်ရပ်ကွက်ရုံးများကို အောက်တိုဘာလထဲတွင် အပြီးထားရှိနိုင်ရန် စီစဉ်ထားပါတယ်၊ ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးရုံးခန်းမှာလည်း အ၀တ်ဗီရိုများထားရှိပါတယ် အဖြစ်ချင်ဆုံး ဆန္ဒတခုကတော့ ဒီအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်မြောက်အောင်ပုံဖေါ်စေချင်ပါတယ်ခင်ဗျာ . . . .

ဆိုဒ်မတန်လို့                  အမှိုက်သဏ္ဍာန်
ချွတ်ပုံထားသည့်              ၀တ်စုံများကို
အဆင့်(တတ်)၍မရအာင်   မြင်ြ့မတ်သည့်အလှူဖြစ်စေဖို့
ပေါင်းကူးတံတားပမာ        အကြောင်းထူးများစွာ
အကျိုးကိုမမျှော်ဘဲ            နှိုးဆော်ကာစီစဉ်ထားတဲ့
မဇ္ဈိမ လူမှုကူညီရေးအသင်းကြီးရဲ့
အမျှော်အမြင်                တို့မြန်ပြည်တခွင် 
ကျင့်သုံးစေချင်              ဆိုင်းငံ့ဝတ်စုံ အစီစဉ်
ဆောင်းပါးရှင်။     ။ ဦးတင့်ဆွေ (မဇ္ဈိမလူမှုကူညီရေးအသင်း)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -