ခေါင်းဆောင် ဆိုတာအသင်းရဲ့ အားကိုးရာ မိဘသဖွယ်မို့ သစ်ပင်တစ်ပင်နဲ့ နှိုင်းယှဉ်ကြည့်ချင်ပါတယ်။သစ်ပင်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ်တဲ့၊
သစ်ပင်မှာ အမြစ်မရှိရင် ရှင်သန်ခြင်း မဖြစ်နိုင်ပါဘူး။ ဒီလိုပါဘဲ အသင်းအဖွဲ့တစ်ခုမှာ ခေါင်းဆောင်မရှိရင် အသင်းမဖြစ်နိုင်ပါဘူး။ ရေရှည်မတည်တံ့နိုင်ပါဘူး…..၊ အသင်းသားတွေရဲ့ ရှင်သန်ခြင်းဟာ… ခေါင်းဆောင်ရှိမှ ဖြစ်မှာပါဘဲ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ပန်းတိုင်ရှိပါတယ်။အဲ့ဒီပန်းတိုင်ကိုလိုက်မယ့် အသင်းသူ/အသင်းသားတွေဟာလည်း ခေါင်းဆောင်နဲ့အတူစိတ်ဓါတ်တွေ တသွေးထဲတသားထဲရှိမှ ပန်းတိုင်ကို အတူလျှောက်လှမ်းနိုင်မှာပါ။ ကြီးမားကျော်ကြားတဲ့ ခေါင်းဆောင်တွေဟာ နှစ်ခုပိုင်ဆိုင်ကြတယ်တဲ့....။ ခေါင်းဆောင်တိုင်းဟာ ၁။သူတို့ဘယ်သွားနေတယ်ဆိုတာ သိကြတယ်။ နောက်တစ်ချက်က ၂။ အခြားလူတွေပါလာအောင်လည်း ဆွဲဆောင်နိုင်ကြတယ်။
ဒီလိုပါဘဲ သစ်ပင်ကြီးစိမ်းလန်းနေမှ ကျေးငှက်တိရစ္ဆာန်တို့နားခိုကြမယ်၊ကျေးငှက်တိရစ္ဆာန်နားခိုမှ မျိုးဆက်တွေ မပျောက်ပျက်သွားဘဲ ဆက်လက်ရှင်သန်နေကြမယ်။ သစ်ပင်ကြီး စိမ်းလန်းနေမှ ရာသ်ီဥတုတွေ မျှတသာယာမယ်၊ ဥတုရာသီ တောကိုမှီဆိုတဲ့စကားလေးလိုပေါ့၊ အားလုံးသတ္တ၀ါတွေမှန်တမျှ သစ်ပင်ကိုအားကိုးကြတယ် အရိပ်ခိုကြတယ်။
ဒီသစ်ပင်ရှင်သန်ဖို့ အားလုံးက ၀ိုင်းပြီး ဂရုစိုက်ကြတယ်၊ သစ်ပင်ကြီးသေဆုံးသွားတဲ့အခါ ကျေးငှက်သတ္တ၀ါတွေအားလုံး နားခိုဖို့နဲ့….. ရာသီဥတုမျှတ သာယာဖို့ပါ ဆိတ်သုန်းကြရတယ်၊
ခေါင်းဆောင်တစ်ယောက်မှာ လူအများအပေါ်လွှမ်းမိုးခြင်းတွေ စွမ်းဆောင်နိုင်ကြတယ်။
ပေးဆပ်ခြင်းမေတ္တာတရားနဲ့ အနစ်နာခံပေးနိုင်တာ လူပုဂ္ဂိုလ်နဲ့ လွှမ်းမိုးခြင်းဆိုတဲ့ နှလုံးသားမှ နှလုံးသားခြင်းဆိုတဲ့ နားလည်နိုင်ပေးစွမ်းရှိတာ အသင်းသူအသင်းသားတွေရဲ့ ရင်ထဲကအကြောင်းတွေကို နှလုံးသားခြင်းထပ်တူစာနာ နားလည်ပေးနိုင်တာ အဖြစ်ပျက်တစ်ခုကို မေ့မရနိုင်အောင် လုပ်ဆောင်ပေးခြင်းနဲ့ လွှမ်းမိုးနိုင်ကြတယ်။
ဒီလိုပါဘဲ သစ်ပင်ကြီးကလည်း ကျေးငှက်ကလေးတွေ တိရစ္ဆာန်နဲ့တကွ လူသားသတ္တ၀ါအားလုံးကို နားခိုပေးစွမ်းနိုင်တယ်၊ အေးမြခြင်းကို ပေးစွမ်းနိုင်တယ်။ မျိုးဆက်တွေ မဆိတ်သုန်းအောင်စွမ်းဆောင်ပေးနိုင်ကြတယ်၊ ကျေးငှက်တွေဝမ်းစာအတွက် အစာအဟာရကိုလဲပေးစွမ်းနိုင်တယ်၊ သစ်ပင်နဲ့တူတဲ့ခေါင်းဆောင်ဟာလည်း အသင်းသူအသင်းသားတွေအတွက် အားကိုးနားခိုကြရတဲ့ သစ်ပင်ပါဘဲ။
အသင်းရဲ့ဆောင်ပုဒ်အတိုင်းလူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမခွဲပါ စွမ်းသမျှအကုန်ပေးဆပ်မှာ ဆိုတဲ့အတိုင်း ကျွန်မတို့အသင်းကြီးရဲ့ ခေါင်းဆာင်ဖြစ်တဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေရဲ့ စွမ်းသမျှပေးဆပ်နေတာကတော့ အသင်းသူအသင်းသားတွေရဲ့ ပင်ပန်းသမျှကို ရွှင်လန်းသွားစေတဲ့ အားဆေးတစ်ခွက်ပါဘဲ
ဒါကြောင့်သစ်ပင်ကြီးနဲ့ တူတဲ့ခေါင်းဆောင် အမြဲစိမ်းလန်းကျန်းမာနေဖို့လိုပါတယ်၊ ခေါင်းဆောင်ဖြစ်တဲ့ အစ်ကို့ရဲ့ပေးဆပ်မှုကို အသင်းသူ၊ အသင်းသား ညီအစ်ကိုမောင်နှမအားလုံး ကျေးဇူးသိတတ်ကြမယ်ဆိုရင် ဒီသစ်ပင် ကိုစောင့်ရှာက်ကြသလို ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေး အသင်းကြီးရဲ့ ဥက္ကဋ္ဌ အမြဲစိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် အားလုံးကလည်း တာဝန်ကျေပြွန်စွာ စွမ်းသမျှပေးဆပ်ကြစေချင်ပါတယ်။သစ်ပင်ရဲ့ သစ်ရွက်တွေ စိမ်းလန်းဝေဖြာနေရင် အေးမြခြင်းအရိပ်ကို ရကြပါတယ်။ အကိုင်း အခက်တွေ ရှင်သန်နေရင် ကျေးငှက်တွေနားခိုတဲ့ ကိုင်းလေးဖြစ်ရတယ်။
ပင်စည်ကြီးကလည်း သဘာဝဒဏ်တွေကို ခံနိုင်ရည်ရှိသလောက် ကြံ့ကြံ့ခံပေးတယ်။ အမြစ်ကလည်း ဒီသစ်ပင်သဘာဝဘေးဒဏ်ကြောင့် ကျိုးပဲ့သွားခဲ့ရင်တောင် အရွက်သစ်၊အကိုင်းသစ်တွေ ဆက်လက်ထွက်နိုင်အောင် စွမ်းသမျှ လုပ်ဆောင်ပေးတယ်။
ဒီလိုဘဲပေါ့ အသင်းတစ်ခု အဖွဲ့စည်းတစ်ခုရဲ့ ခေါင်းဆောင်ဟာလည်း အဖက်ဖက်က တိုက်ခတ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို သူကာကွယ်ပေးတယ်။ သားသမီးတွေနဲ့တူတဲ့ အသင်းသူအသင်းသားတွေရဲ့ ဒုက္ခ သုခကို ရင်ခွင်ထဲမှာ ထားပြီးစောင့်ရှောက်ပေးတယ်။ ခေါင်းဆောင်ကောင်းတွေဟာ စစ်ပွဲတစ်ခုရှုံးခဲ့ရင် အခက်အခဲတွေကြုံခဲ့ရင် ကိုယ်မျက်နှာကိုယ်ဘဲကြည့်ကြတယ်။
ဒီအရှုံးဟာ..ငါညံ့လိုဆိုကြတယ် စစ်ပွဲတစ်ခုအောင်ပြီး အလုပ်တွေအောင်မြင်ရင်တော့ ပြတင်းပေါက်ဖွင့်ပြီး -မင်းတို့ကြောင့်ပေါ့ကွာပြောကြတယ်။ ဒါဟာခေါင်းဆောင်ကောင်းရဲ့ စိတ်ဓါတ်ပါ။
ဆောင်းပါးရှင်။ ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှုကူညီရေးအသင်း )
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။