- Back to Home »
- မြတ်မျိုးမြင့်မာန် »
- ပေးဆပ်သူတို့ နှလုံးသား
Posted by :
saihlamin
Monday, January 20, 2014
တာချီလိတ်မြို့နယ်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍတွေကို အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသဖြင့် အလွန်တရာ ၀မ်းသာမှုများ အခါခါဖြစ်ခဲ့ရသည်။မဇ္ဈိမအသင်းတည်ထောင်သည်မှာ နှစ်ပိုင်းပင်ရှိလင့်ကစား မကူညီဖူးသည့်လုပ်ငန်း မရှိသလောက်ပင် တွေ့ခဲ့ရသည်။ တာချီလိတ်မြို့၏ အလင်းရောင် တစ်ခု အဖြစ် တင်စားမိခဲ့သည်။
ယနေ့ ၂၂.၈.၁၃ ရက်နေ့တွင် ကျွန်တော်သည် ပညာရေးဝန်ထမ်း အုပ်စုမှူးတစ်ယောက် ဖြစ်သည်နှင့်အညီ ပညာရေးတာဝန်ဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ အုပ်စုတွင်းကျောင်းများ မူကြိုဆိုင်ရာ သင်တန်းတက်ရောက်ရေးနှင့် အခြားပညာရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် မြို့နယ်ရုံးသို့ ရောက်ရှိခဲ့ပါသည်။ မြို့နယ်ပညာရေးအကြီးအကဲဖြစ်သူ မြို့နယ်ပညာရေးမှူး
ဆရာကြီး ဦးစိန်ထွန်းလှ၏ ပြောကြားချက်အရ တာချီလိတ်ပညာရေးအတွက် အလင်းရောင်ကြီးတစ်ခုအား ထပ်မံတွေရှိခဲ့ပါသည်။
၁၃.၈.၁၃ တွင်ကျင်းပသည့် ခရိုင်စီမံခန့်ခွဲရေးကော်မတီင်္၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ။မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ပညာရေးမှူးသည် မြို့နယ်ပညာရေး၏ မိဘဖြစ်သည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဥက္ကဌအဖြစ် ဦးဆောင်သောမြို့နယ်စီမံခန့်ခွဲကော်မတီ၏ အဖွဲဝင်ဖြစ်သည့် အတွက် အဆိုပါအစည်းအဝေးတွင် ဟောင်လိတ် အထကကျောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကို လည်းကောင်း၊ တာလော့ မူလွန်ကျောင်း အနိမ့်ပိုင်းကျသဖြင့် မြေဖို့ရန် လိုအပ်နေကြောင်းကိုလည်းကောင်း တင်ပြခဲ့ကြောင်းသိရပါသည်။
ထို့ပြင် ၎င်းအစည်းအဝေးမတိုင်ခင်ကလည်း မြို့နယ်ပညာရေးမှူး၏ မေတ္တာရပ်ခံချက်အရ အထကဆန်ဆိုင်းကျောင်း ရှေ့ အနိမ့်ပိုင်းကွင်းပြင်တစ်ခုလုံးမြေဖို့ရန်အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးမြင့်ဦီး ဦးဆောင်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်းက ကူညီပေးခဲ့ကြောင်းလည်းသိရှိရပြီး မြေများကိုတော့ ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦးက လှူဒါန်းတာဖြစ်ကြောင်း သိရပြန်သည်။
မြို့နယ်ပညာရေးမှူး ၏ ခေါ်ယူချက်အရ တာလော့ မူလွန်တွင် မြေဖို့ခြင်းလုပ်ငန်းများကို ဖေါ်ပြပါအစည်းအဝေးတွင် ညှိနှိုင်းချက်များအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သောလုပ်ငန်းရှင်
များက ဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုမှတ်တမ်းတင်ခွင့်ရရှိခဲ့ပါသည်။
ရောက်ရှိချိန်တွင် အံ့သြစရာကောင်းသောရှုခင်းအား စတင်တွေ့ခဲ့ရပါသည်။ တချိန်က ကျောင်းအကျယ်အ၀န်း၏ ထက်ဝက်ခန့် ထောင့်ဖြတ်ဖြစ်နေသော ချိုင့်ကြီးး လုံးဝမရှိတော့ပါ။
မြေတင်ကားကြီးးများ ဆက်တိုက်သယ်ချဆောင်ရွက်ခြင်းဖြင့်လည်းကောင် ၊ မြေညှိကားကြီးများဖြင့် မြေညှိခြင်းဖြင့် လည်းကောင်း အားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့လိုက်ရပါသည်။
ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကောင်ခမ်း ကလှိုက်လှဲစွာကြိုဆိုပြီးလုပ်ငန်းများ ပြီးစီးမှုကို မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှထံ တင်ပြပါသည်။ ဆရာ ဆရာမများမှာ ပျော်ရွှင်နေပြီး လာရောက်ကူညီနေသူများကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေကြပါသည်။
အထူးလေးစားစရာကောင်းသည်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဦးမြင့်ဦးမှာ ကိုယ်တိုင် ကျောင်းမှာပင် နေ့လည်စာသုံးဆောင်ပြီး အပင်ပန်းခံကာ ပညာရေးအတွက် ကူညီပေးနေခြင်းဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့်လည်း ပညာရေးဌာန ကိုယ်စား ကျေးဇူးအထူးတင်မိပါသည်။ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့် ကျွန်တော်တို့ ဦးမြင့်ဦးနှင့်ဆွေးနွေးချက်များအရ ယခုကူညီခြင်းလုပ်ငန်းများကို သတ္ထုလုပ်ငန်းရှင်များက လှိုက်လှဲစွာ ကူညီခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် အထက-ဟောင်လိတ်၊ အလက-ပုန်းထွန်ကျောင်းများ မြေဖို့ခြင်းလုပ်ငန်းများ ကိုလည်းဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ တာလော့ကျောင်းတွင်
ယခုကဲ့သို့မြေဖို့ခြင်းဖြင့် အားကစားကွင်းနှင့် စုဝေးကွင်းခန့်ညားစွာပေါ်ထွက်လာမည်ဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံပါက တွေ့ကြုံရသော အခက်အခဲကြီးများမှ ကင်းဝေးနိုင်တော့မည်ဖြစ်ပါသည်။
ထပ်မံကူညီမည့် ကျောင်းများမှာလည်း ယင်းဘေးဒုက္ခများ ကင်းဝေးတော့မည်ဖြစ်ပါသည် ယခုမြေဖို့ခြင်းလုပ်ငန်းမှာ အပြောလွယ်သလောက် အလုပ်ခက်သည်ကို ကျွန်တော်တို့ ပညာရေးဝန်ထမ်းများ ပြည်သူများသိပါသည်။ ငွေကြေးမြောက်မြားစွာကုန်ကျမှသာ ဖြစ်နိုင်မည်ကို အားလုံးသိကြပါသည်။
ယင်းအခက်အခဲများကို ကူညီပေးသည့် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် စေတနာရှင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များကို အထူးမှတ်တမ်းတင်မိပါသည်။ စေတနာ၏အကျိုး ပိုမိုခံစားကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည်။
ပေးဆပ်သူတို့၏ ဖြူစင်သောနှလုံးသားမှ စေတနာများကို ကျောင်းတည်ရှိရာ ဒေသခံကျောင်းသားကျောင်းသူများ အားလုံးလည်း ခံစားရတော့မည်ဖြစ်ပါသည် နောက်နောင်များတွင်လည်း ယခုကဲ့သို့ ပညာရေးအတွက် ထာဝရ အလင်းရောင်ကြီးများကို ရရှိရန်လည်း မျှော်လင့်မိပါသည်။
တာချီလိတ်သည် တစ်နေ့ထက်တစ်နေ့ ပညာအလင်းရောင် ထွန်းပြောင်စေရေးအတွက် ကူညီနေသူများကို ဂုဏ်ပြုမှတ်တမ်းတင်လျှက် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။
ဆောင်းပါးရှင်။ ။ မြတ်မျိုးမြင့်မာန်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: tachileik@tachileik.net
